ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည်ပဋိသန္ဓေစွဲယူ၍၊ ကာဣနကိုဖွားမြင်လျှင်၊ ထာဝရဘုရား၏လူကိုငါရပြီဟု ဆိုလေ၏။
သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
ထိုသို့လူကိုနှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှာ၊ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
တစ်ဖန် သူ့ညီအာဗေလကို ဖွားမြင်လေ၏။ အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကား လယ်လုပ်သောသူဖြစ်၏။
အာဒံသည်လည်း မိမိမယားနှင့် တစ်ဖန်ဆက်ဆံပြန်လျှင်၊ မယားသည် သားကိုဖွားမြင်၍၊ ရှေသဟူသောအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ကာဣနသတ်သော အာဗေလကိုယ်စား၊ တစ်ပါးသောအနွယ်ကို အကျွန်ုပ်အဖို့ ဘုရားသခင်ခန့်ထားတော်မူပြီဟု ဆိုသတည်း။
ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသောမြေ၌လုပ်၍၊ ပင်ပန်းစွာခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍၊ သူ့ကို နောဧဟူသောအမည်ဖြင့် မှည့်လေ၏။
ဖွားမြင်သော သားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။
ထိုကြောင့်၊ သူငယ်ယောက်ျားအပေါင်းကိုလည်းကောင်း၊ ယောက်ျားနှင့်ဆက်ဆံဖူးသော မိန်းမအပေါင်းကိုလည်းကောင်း၊ သတ်ကြလော့။