Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 39:7

Judson Bible

ထို​နောက်​မှ​သ​ခင်၏​မ​ယား​သည် ယော​သပ်​ကို​တပ်​သော​စိတ်​ရှိ၍ ငါ​နှင့်​အ​တူ​အိပ်​ပါ​ဟု​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်၏​သား​တို့​သည် လူ​သ​မီး​တို့​လှ​ကြောင်း​ကို​မြင်၍၊ ကိုယ်​စိတ်​ရှိ​သည်​အ​တိုင်း စုံ​ဖက်​ကြ၏။

ထို​သို့ အာ​မ​နုန်​စား​စ​ရာ​ဖို့ ယူ​ခဲ့​သော​အ​ခါ၊ သူ​သည် နှ​မ​လက်​ကို​ဆွဲ၍၊ ငါ့​နှ​မ၊ ငါ​နှင့်​အိပ်​ပါ​ဟု ဆို၏။

ငါ​သည်​အ​ပျို​ကို​မျှ မ​ကြည့်​ရှု​မည်​အ​ကြောင်း၊ ကိုယ်​မျက်​စိ​နှင့် ပ​ဋိ​ညာဉ်​ဝန်​ခံ​ခြင်း​ကို ပြု​ပြီ။

အ​န​တ္တ​ကို ပ​မာ​ဏ​မ​ပြု​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​မျက်​စိ​ကို အ​ခြား​သို့​လွှဲ​တော်​မူ​ပါ။ လမ်း​ခ​ရီး​တော်၌ အ​ကျွန်ုပ်​အ​သက်​ရှင်​စေ​တော်​မူ​ပါ။

ငါ့​သား၊ လူ​ဆိုး​တို့​သည် သင့်​ကို​သွေး​ဆောင်​လျှင် ဝန်​မ​ခံ​နှင့်။

အ​မျိုး​ပျက်​သော​မိန်း​မ၊ နှုတ်​နှင့်​ချော့​မော့​တတ်​သော ပြည့်​တန်​ဆာ​မိန်း​မ၊

သို့​မ​ဟုတ် သင်​သည် ကိုယ်​ဂုဏ်​အ​သ​ရေ​ကို သူ​တစ်​ပါး၌​လည်း​ကောင်း၊ ကိုယ်​အ​သက်​ကို ကြမ်း​တမ်း​သော သူ​တို့၌​လည်း​ကောင်း​အပ်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ပြည့်​တန်​ဆာ​မ​ကို မှီ​ဝဲ​သော​ယောက်ျား​သည် ဆင်း​ရဲ၍၊ မုန့်​တစ်​လုံး​ကို​သာ​ရ​တတ်၏။ မျောက်​မ​ထား​သော မိန်း​မ​သည်​လည်း မြတ်​သော​အ​သက်​ကို​ဖမ်း​တတ်၏။

ထို​လူ​ပျို​ကို တွေ့​သော​အ​ခါ၊ ရဲ​သော​မျက်​နှာ​နှင့် ဖမ်း​ဖက်​နမ်း​ရှုပ်​လျက်၊

မိုး​ခေါင်၍ နောက်​မိုး​တိုင်​အောင် မ​ရွာ​သော်​လည်း၊ သင်​သည် ပြည့်​တန်​ဆာ​န​ဖူး​ရှိ၍၊ ရှက်​ခြင်း​သ​ဘော​ကို ပယ်​ရှား​ပြီ။

သင်​သည် မြင့်​သော​အ​ရပ်​ကို လမ်း​ဦး​တိုင်း​လုပ်၍၊ ကိုယ်​လှ​သော​အ​ဆင်း​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​သည်​တိုင်​အောင်​ပြု​လျက်၊ ခ​ရီး​သွား​သော​သူ​အ​ပေါင်း​တို့​အား ပေါင်​တို့​ကို​ခွာ​ဖွင့်၍၊ မ​တ​ရား​သော​မေ​ထုန်​အ​မှု​တို့​ကို များ​ပြား​စေ၏။

ကိုယ်​မ​ဆိုင်​သော ယောက်ျား​ကို ကိုယ်​လင်၏​ကိုယ်​စား​လက်​ခံ၍ မျောက်​မ​ထား​သော မိန်း​မ​နှင့်​တူ၏။

သို့​ဖြစ်၍၊ သင်​သည် အ​ခြား​သော ပြည့်​တန်​ဆာ​တို့​နှင့် ခြား​နား​စွာ​ပြု​တတ်၏။ သင်​ပြု​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​တ​ရား​သော​မေ​ထုန်​ကို မ​ပြု​တတ်။ သင်​သည် အ​ခ​ကို​မ​ခံ၊ သူ​တစ်​ပါး​တို့​အား​ပေး​သော​ကြောင့် အ​ခြား​သော မိန်း​မ​တို့​နှင့် ခြား​နား၏။

ငါ​ပ​ညတ်​သည်​ကား ကိ​လေ​သာ​စိတ်​နှင့် သူ့​မ​ယား​ကို​ကြည့်​ရှု​သော​သူ​သည် စိတ်​နှ​လုံး​ထဲ၌ ထို​မိန်း​မ​နှင့် ပြစ်​မှား​ပြီ။-

သူ​တို့​သည် သူ့​မ​ယား​ကို​ပြစ်​မှား​သော ကိ​လေ​သာ​နှင့် ပြည့်​စုံ​သော​မျက်​စိ​ရှိ၍၊ ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ မ​နေ​နိုင်​ကြ။ စိတ်​နှ​လုံး​မ​တည်​ကြည်​သော သူ​တို့​ကို အ​ပြစ်​သို့ သွေး​ဆောင်​တတ်​ကြ၏။ လော​ဘ​လွန်​ကျူး​ခြင်း၌ ကျင်​လည်၍၊ ကျိန်​တော်​မူ​ခြင်း၏​သား ဖြစ်​ကြ၏။-

လော​က၌​ရှိ​သ​မျှ​သော အ​ရာ​တည်း​ဟူ​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း၊ မျက်​စိ​တပ်​မက်​ခြင်း၊ လော​ကီ​စည်း​စိမ်၌ ဝါ​ကြွား​ခြင်း​တို့​သည် ခ​မည်း​တော်​နှင့်​မ​စပ်​ဆိုင်၊ လော​က​နှင့်​သာ စပ်​ဆိုင်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ