Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 39:6

Judson Bible

သ​ခင်​သည် မိ​မိ၌​ရှိ​သ​မျှ​ကို​ယော​သပ်​လက်​သို့​အပ်၍၊ မိ​မိ​စား​သော​အ​စာ​မှ​တစ်​ပါး အ​ခြား​သော​ဥ​စ္စာ​ရှိ​မှန်း​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ၏။ ယော​သပ်​သည် ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း​လှ​သော​သူ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

လေ​အာ​ကား၊ မျက်​စိ​နု​ညံ့၏။ ရာ​ခေ​လ​ကား၊ ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း​လှ၏။

ထို​နောက်​ထောင်​မှူး​သည် ထောင်​အ​မှု​ကို​ကိုယ်​တိုင်​ပြန်၍ မ​ကြည့်​မ​ရှု​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​ဘက်​မှာ​ရှိ၍ သူ​ပြု​လေ​ရာ​ရာ၌ အောင်​စေ​တော်​မူ​သ​တည်း။

ထို​ကြောင့် ယော​သပ်​သည် သ​ခင်​ရှေ့၌​မျက်​နှာ​ရ၍ ခ​စား​လျက်​နေ​ရ၏။ သ​ခင်​သည်​လည်း မိ​မိ​အိမ်​တွင် အိမ်​အုပ်​အ​ရာ​နှင့်​ခန့်​ထား၍ ဥ​စ္စာ​ရှိ​သ​မျှ​ကို​အပ်​လေ၏။

ယော​သပ်​က​လည်း၊ ကျွန်​တော်​သ​ခင်​သည် အိမ်​တော်၌​ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ကျွန်​တော်​လက်​သို့​အပ်​ပါ​ပြီ။ ကျွန်​တော်၌ အ​ဘယ်​ဥ​စ္စာ​ရှိ​မှန်း​ကို​မျှ​မ​သိ​မ​မှတ်​ပါ။

ယော​သပ်​ဖို့​တစ်​ပွဲ၊ အစ်​ကို​တို့​ဖို့​တစ်​ပွဲ၊ ယော​သပ်​နှင့်​စား​သော အဲ​ဂု​တ္တု​လူ​တို့​ဖို့​တစ်​ပွဲ အ​သီး​အ​သီး​တို့​ကို​ပြင်​ကြ​၏။ အဲ​ဂု​တ္တု​လူ​တို့​သည် ဟေ​ဗြဲ​လူ​တို့​နှင့်​အ​တူ မ​စား​ရ၊ ထို​အ​မှု​ကို​အဲ​ဂု​တ္တု​လူ​တို့​သည် ရွံ​တတ်​ကြ​၏။

သူ၏​ခင်​ပွန်း​သည် သူ့​ကို​ယုံ၍၊ ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​လိမ့်​မည်။

အ​နည်း​ငယ်​သော အ​မှု၌ သ​စ္စာ​ရှိ​သော​သူ​သည် ကြီး​သော​အ​မှု၌​လည်း သ​စ္စာ​ရှိ​လိမ့်​မည်။ အ​နည်း​ငယ်​သော​အ​မှု၌ သ​စ္စာ​မ​ရှိ​သော​သူ​သည် ကြီး​သော​အ​မှု၌​လည်း သ​စ္စာ​မ​ရှိ။-

သ​ခင်​က၊ သာ​ဓု၊ ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ မြို့​ဆယ်​မြို့​ကို အုပ်​စိုး​လော့​ဟု မိန့်​တော်​မူ၏။-

ထို​အ​ခါ အ​လွန်​အ​ဆင်း​လှ​သော မော​ရှေ​ကို ဖွား​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး အ​ဘ၏​အိမ်​တွင် ကျွေး​မွေး​ကြ၏။-

စေ​လွှတ်၍ သူ့​ကို​ခေါ်​ခဲ့၏။ သူ​သည် နီ​သော​ဆံ​ပင်​ရှိ၏။ လှ​သော​အ​ဆင်း​နှင့် ချစ်​ဖွယ်​သော​မျက်​နှာ​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​က ဤ​သူ​ပေ​တည်း။ ထ၍​ဘိ​သိက်​ပေး​လော့​ဟု မိန့်​တော်​မူ၏။

ဖိ​လိ​တ္တိ​လူ​သည် ကြည့်၍ ဒါ​ဝိဒ်​ကို​မြင်​သော​အ​ခါ မ​ထီ​မဲ့​မြင်​ပြု၏။ အ​ကြောင်း​မူ​ကား၊ သူ​သည် နု​ပျို​သော​သူ၊ ဆံ​ပင်​နီ၍ မျက်​နှာ​လှ​သော​သူ​ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ