Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 39:4

Judson Bible

ထို​ကြောင့် ယော​သပ်​သည် သ​ခင်​ရှေ့၌​မျက်​နှာ​ရ၍ ခ​စား​လျက်​နေ​ရ၏။ သ​ခင်​သည်​လည်း မိ​မိ​အိမ်​တွင် အိမ်​အုပ်​အ​ရာ​နှင့်​ခန့်​ထား၍ ဥ​စ္စာ​ရှိ​သ​မျှ​ကို​အပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​က၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် သား​မ​ရှိ​ဘဲ​သွား​ရ​ပါ၏။ ဤ​ဒ​မာ​သက်​မြို့​သား ဧ​လျာ​ဇာ​သည် အ​ကျွန်ုပ်၏ အ​မွေ​ခံ​ဖြစ်​ရ​ပါ၏။ သို့​ဖြစ်၍ အ​ဘယ်​ကျေး​ဇူး​ကို​ပြု​တော်​မူ​ပါ​မည်​နည်း​ဟု လျှောက်​ဆို​၏။

အ​ကျွန်ုပ်​သ​ခင်၊ ရှေ့​တော်၌​အ​ကျွန်ုပ်​သည် မျက်​နှာ​ရ​လျှင် ကိုယ်​တော်​ကျွန်​မှ လွန်၍​မ​သွား​ပါ​နှင့်။

ယ​ခု​မှာ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​ပါ​ပြီ။ အ​ကျွန်ုပ်​အ​သက်​ချမ်း​သာ​စေ​သ​ဖြင့်၊ အ​ကျွန်ုပ်၌​ပြု​တော်​မူ​သော​က​ရု​ဏာ ကျေး​ဇူး​များ​ပြား​လှ​ပါ၏။ ဘေး​လွတ်၍​တောင်​ပေါ်​သို့ မ​ပြေး​နိုင်​ပါ။ ဘေး​တစ်​စုံ တစ်​ခု​တွေ့၍​သေ​မည်​ကို စိုး​ရိမ်​ပါ​၏။

အာ​ဗြ​ဟံ​သည်၊ မိ​မိ​အိမ်​သား​တို့​တွင်​အ​သက်​ကြီး၍ ဘ​ဏ္ဍာ​စိုး​လုပ်​သော​သူ​ကို​ခေါ်​လျက်၊

ကျွန်​တော်၌ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ ကျွန်​ယောက်ျား မိန်း​မ​များ​ရှိ​ကြ​ပါ၏။ ကျွန်​တော်​သည် သ​ခင်၏​စိတ်​တော်​နှင့်​တွေ့​စေ​ခြင်း​ငှာ၊ လျှောက်​ကြား​လိုက်​ပါ​သည်​ဟု၊ ငါ့​သ​ခင်​ဧ​သော​ကို​လျှောက်​ကြ​ဟု မှာ​လိုက်​လေ​၏။

ယာ​ကုပ်​က​လည်း၊ ထို​သို့​မ​ဆို​ပါ​နှင့်။ စိတ်​တော်​နှင့် တွေ့​သည်​မှန်​လျှင်၊ ကျွန်​တော်​ဆက်​သော​လက်​ဆောင်​ကို ခံ​ယူ​တော်​မူ​ပါ။ ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကို ဖူး​မြင်​ရ​သ​ကဲ့​သို့၊ ကိုယ်​တော်၏​မျက်​နှာ​ကို ဖူး​မြင်​ရ​ပါ၏။ စိတ်​တော်​သည်​လည်း​နူး​ညွတ်​ပါ၏။

ဧ​သော​က​လည်း၊ ကျွန်ုပ်​တွေ့​သော တိ​ရ​စ္ဆာန်​စု​အ​ပေါင်း​တို့​သည်၊ အ​ဘယ်​သို့​သော​အ​ရာ​နည်း​ဟု​မေး​လျှင်၊ သ​ခင်၏​စိတ်​တော်​နှင့် တွေ့​စေ​ခြင်း​ငှာ​ဖြစ်​ပါ​သည်​ဟု ပြန်​ပြော၏။

ယော​သပ်​က​လည်း၊ ကျွန်​တော်​သ​ခင်​သည် အိမ်​တော်၌​ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ကျွန်​တော်​လက်​သို့​အပ်​ပါ​ပြီ။ ကျွန်​တော်၌ အ​ဘယ်​ဥ​စ္စာ​ရှိ​မှန်း​ကို​မျှ​မ​သိ​မ​မှတ်​ပါ။

ရ​ထား​စီး​သူ​ရဲ တစ်​ဝက်​ကို​အုပ်​သော​သူ၊ မိ​မိ​ကျွန်​ဇိ​မ​ရိ​သည်​သင်း​ဖွဲ့၍၊ ဧ​လာ​သည် တိ​ရ​ဇ​မြို့​တွင် နန်း​တော်​အုပ်​အာ​ဇ၏​အိမ်၌ ယစ်​မူး​အောင် သောက်​လျက်​နေ​စဉ်​အ​ခါ၊

ဧ​သ​တာ​သည် ဟေ​ဂဲ​စိတ်​နှင့်​တွေ့၍ မျက်​နှာ​ရ​သ​ဖြင့်၊ ဟေ​ဂဲ​သည် စင်​ကြယ်​စေ​သော​ဆေး​မျိုး​နှင့် ပေး​ရ​သော အ​ဝတ်​အ​စား​ကို အ​လျင်​အ​မြန်​ပေး၏။ နန်း​တော်၌ ရွေး​ကောက်​သော ကျွန်​မ​ခု​နစ်​ယောက်​တို့​ကို​လည်း ပေး၍၊ ဧ​သ​တာ​နှင့် သူ၏​ကျွန်​မ​တို့​ကို အ​ပျို​တော်​နန်း​တွင် အ​မြတ်​ဆုံး​သော​နေ​ရာ၌ ချီး​မြှောက်​လေ၏။

ပ​ညာ​ရှိ​သော​ကျွန်​အား ရှင်​ဘု​ရင်​သည် ကျေး​ဇူး​ပြု​တတ်၏။ အ​ရှက်​ခွဲ​တတ်​သော​ကျွန်​မူ​ကား၊ အ​မျက်​တော်​ကို ခံ​ရ​မည်။

လူ​ကျင့်​သော​အ​ကျင့်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​သော​အ​ခါ၊ ထို​သူ၏​ရန်​သူ​ကို​ပင် သူ​နှင့် သင့်​တင့်​စေ​တော်​မူ၏။

ပ​ညာ​ရှိ​သော​ကျွန်​သည် အ​ရှက်​ခွဲ​သော​သား​ကို​အုပ်​စိုး၍ ညီ​အစ်​ကို​တို့​နှင့်​အ​တူ အ​မွေ​ခံ​တတ်၏။

ဆောင်​ရွက်​စ​ရာ​အ​မှု​ကို ကြိုး​စား၍ ပြီး​စီး​စေ​တတ်​သော​သူ​ရှိ​သ​လော။ ထို​သူ​သည် သာ​မ​ည​လူ၏​အ​မှု​ကို မ​ဆောင်​ရွက်၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို ဆောင်​ရွက်ရ၏။

သင်္ဘော​သ​ဖန်း​ပင်​ကို စောင့်​သော​သူ​သည် သင်္ဘော​သ​ဖန်း​သီး​ကို စား​ရ၏။ ထို​နည်း​တူ၊ သ​ခင်​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည် ဂုဏ်​အ​သ​ရေ​ကို​ရ​တတ်၏။

ထို​သို့​ပြု​လျှင် ဘု​ရား​သ​ခင်​ရှေ့ လူ​တို့​ရှေ့​မှာ​မျက်​နှာ​ရ၍၊ ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။

ထို​ကြောင့် သင်​တို့​သည် ကိုယ်​ကို သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​သည် မိ​မိ​အ​သွေး​နှင့် ဝယ်​တော်​မူ​သော​အ​သင်း​တော်​ကို လုပ်​ကျွေး​စေ​ခြင်း​ငှာ၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​ကို အ​အုပ်​အ​ချုပ် ခန့်​ထား​တော်​မူ​သော သိုး​စု​တစ်​စု​လုံး​ကို​လည်း သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။-

လယ်​ခေါင်း​က၊ မော​ဘ​ပြည်​မှ နော​မိ​နှင့်​အ​တူ​လိုက်​လာ​သော မော​ဘ​အ​မျိုး​သ​မီး ဖြစ်​ပါ၏။

ရှော​လု​သည်​လည်း ယေ​ရှဲ​ရှိ​ရာ​သို့​လူ​ကို​စေ​လွှတ်၍၊ ဒါ​ဝိဒ်​ကို ငါ့​စိတ်​နှင့်​တွေ့​သော​ကြောင့် ငါ့​ထံ၌ ခ​စား​ပါ​စေ​ဟု အ​ခွင့်​တောင်း​လေ၏။

သူ​ငယ်​ရှ​မွေ​လ​သည် ကြီး​ပွား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ လူ​တို့​ရှေ့၌ မျက်​နှာ​ရ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ