Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 39:14

Judson Bible

အိမ်​သား​ယောက်ျား​တို့​ကို​ခေါ်၍၊ သင်​တို့​ကြည့်​ကြ။ ငါ​တို့၌ မ​ရို​မ​သေ​ပြု​စေ​ခြင်း​ငှာ ဤ​ဟေ​ဗြဲ​လူ​ကို သ​ခင်​သွင်း​ထား​ပြီ​တ​ကား။ သူ​သည် ငါ​နှင့်​အ​တူ အိပ်​ခြင်း​ငှာ​ဝင်​လာ၍ ငါ​သည်​ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ယာ​ဖက်​ညီ၊ ဟေ​ဗြဲ​လူ​အ​ပေါင်း​တို့၏​အ​ဘ၊ ရှေ​မ​သည်​လည်း သား​များ​ကို​မြင်​လေ​၏။

ထို​ဘေး​မှ လွတ်၍​ပြေး​သော​သူ​တစ်​ယောက်​သည်၊ ဟေ​ဗြဲ​လူ​အာ​ဗြံ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော​သူ၊ ဧ​ရှ​ကော​လ​နှင့် အာ​နေ​ရ၏​အစ်​ကို အာ​မော​ရိ​လူ မံ​ရေ၏​သ​ပိတ်​တော​နား​မှာ​နေ​သော အာ​ဗြံ​ထံ​သို့​ရောက်၍၊ သ​တင်း​ကြား​ပြော​လေ​၏။

ထို​သို့​သ​ခင်​မ​လက်၌ မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​သည်​ကို သ​ခင်​မ​သိ​မြင်​သော​အ​ခါ၊

ကျယ်​ကျယ်​အော်​ဟစ်​သံ​ကို​ကြား​လျှင်၊ သူ​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​သည်​ဟု​ဆို​ပြီး​လျှင်၊

သ​ခင်​ရောက်​သော​အ​ခါ၊ ကိုယ်​တော်​သွင်း​ထား​သော ဟေ​ဗြဲ​ကျွန်​သည် ကျွန်ုပ်​ကို​မ​ရို​မ​သေ​ပြု​ခြင်း​ငှာ​ဝင်​လာ​ပါ၏။

ထို​နောက်​မှ​သ​ခင်၏​မ​ယား​သည် ယော​သပ်​ကို​တပ်​သော​စိတ်​ရှိ၍ ငါ​နှင့်​အ​တူ​အိပ်​ပါ​ဟု​ဆို၏။

အ​ကယ်​စင်​စစ် ကျွန်ုပ်​ကို ဟေ​ဗြဲ​ပြည်​မှ​ခိုး​ယူ​ခဲ့​ကြ၏။ ဤ​ပြည်​မှာ​လည်း ကျွန်ုပ်၌​အ​ပြစ်​မ​ရှိ​ဘဲ ထောင်​ထဲ​မှာ​လှောင်​ထား​ကြ​သည်​ဟု​ဆို​လေ၏။

အို လှည့်​စား​တတ်​သော​လျှာ၊ သင်​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ အ​ဘယ်​အ​ကျိုး​ကို ခံ​ရ​သ​နည်း။

မ​မှန်​သော​သက်​သေ​တို့​သည် ပေါ်​လာ၍၊ ငါ​မ​သိ​သော​မှု​ပြစ်​တို့​ကို ငါ့​အ​ပေါ်​မှာ တင်​ကြ၏။

သူ​တို့​သည် အ​ကျွန်ုပ်​အ​ပေါ်၌ အ​ပြစ်​ကို​သက်​ရောက်​စေ၍၊ ဒေါ​သ​စိတ်​နှင့် မုန်း​ကြ​ပါ၏။

အ​ငြိုး​ဖွဲ့​သော​သ​ဘော​ကို မု​သား​နှုတ်​ခမ်း​ဖြင့် ဖုံး​ထား​သော​သူ၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​တတ်​သော​သူ​သည် မိုက်​သော​သ​ဘော​ရှိ၏။

ဖြောင့်​မတ်​ခြင်း​တ​ရား​ကို သိ၍၊ ငါ၏​တ​ရား​ကို နှ​လုံး​သွင်း​မိ​သော သူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ လူ​တို့​သည် အ​ပြစ်​တင်​မည်​ဟု မ​စိုး​ရိမ်​ကြ​နှင့်။ လူ​တို့​ကဲ့​ရဲ့​ခြင်း​ကို မ​ကြောက်​ကြ​နှင့်။

သင့်​တစ်​ဖက်၌ လုပ်​သော​လက်​နက်​တစ်​စုံ​တစ်​ခု​မျှ အ​ထ​မ​မြောက်​ရ။ သင့်​ကို တ​ရား​တွေ့​သော​သူ မည်​သည်​ကား၊ အ​ရှုံး​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ကျွန်​တို့​သည် ထို​သို့​သော အ​မွေ​ကို​ခံ​ရ၍၊ ငါ့​ကြောင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အို အ​သ​ရေ​ပျက်၍ နှောင့်​ယှက်​ခြင်း​ကို​ခံ​ရ​သော​သင်​ကို၊ အ​ဝေး​အ​နီး၌​နေ​သော သူ​တို့​သည် ပျက်​ချော်​ကြ​လိမ့်​မည်။

ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို​သတ်​ရ​မည်​အ​ကြောင်း မ​မှန်​သော​သက်​သေ​ကို ရှာ​သော်​လည်း မ​တွေ့​ကြ။-

ငါ့​ကြောင့် သင်​တို့​ကို ကဲ့​ရဲ့​ညှဉ်း​ဆဲ၍ မ​မှန်​ဘဲ​လျက် အ​ပြစ်​တ​ကာ တင်​ကြ​သော​အ​ခါ၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။-

ဤ​သူ​သည် ပြည်​သူ​ပြည်​သား​များ​ကို လှည့်​ဖြား၍၊ မိ​မိ​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​ကြောင်း​ကို​ဆို​လျက်၊ ကဲ​သာ​ဘု​ရင်​ကို အ​ခွန်​မ​ဆက်​နှင့်​ဟု မြစ်​တား​သည်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ​ဟု အ​ပြစ်​တင်​ကြ၏။-

အ​သ​ရေ​ထင်​ရှား​ခြင်း​နှင့် ရှုတ်​ချ​ခြင်း၊ ချီး​မွမ်း​ခြင်း​နှင့် ကဲ့​ရဲ့​ခြင်း​ကို ခံ​သ​ဖြင့်​လည်း​ကောင်း၊ လှည့်​စား​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ ဟုတ်​မှန်​သော​သူ၊-

ကိုယ်​အ​ပြစ်​ကြောင့် ဒဏ်​ခံ​ရ​သော​အ​ခါ သည်း​ခံ​လျှင်၊ အ​ဘယ်​ချီး​မွမ်း​စ​ရာ​ရှိ​သ​နည်း။ ကောင်း​မွန်​စွာ​ပြု၍ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ သည်း​ခံ​လျှင်၊ ဘု​ရား​သ​ခင့် ရှေ့​တော်၌ ကျေး​ဇူး​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ