Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 39:10

Judson Bible

ထို​သို့​သ​ခင်​မ​သည် နေ့​တိုင်း​သွေး​ဆောင်​သော်​လည်း၊ ယော​သပ်​သည် သူ၏​စ​ကား​ကို​နား​မ​ထောင်၊ သူ​နှင့်​အ​တူ​အိပ်​ခြင်း၊ နေ​ခြင်း​အ​မှု​ကို​ရှောင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

တစ်​နေ့​သ၌ ယော​သပ်​သည်​အ​မှု​ဆောင်​ခြင်း​ငှာ အိမ်​ထဲ​သို့​ဝင်၍ အိမ်​သား​ယောက်ျား​တစ်​ယောက်​မျှ မ​ရှိ​သော​အ​ခါ၊

ယော​သပ်​က​လည်း၊ ကျွန်​တော်​သ​ခင်​သည် အိမ်​တော်၌​ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ကျွန်​တော်​လက်​သို့​အပ်​ပါ​ပြီ။ ကျွန်​တော်၌ အ​ဘယ်​ဥ​စ္စာ​ရှိ​မှန်း​ကို​မျှ​မ​သိ​မ​မှတ်​ပါ။

ဤ​အိမ်​တွင်​လည်း ကျွန်​တော်​ထက်​သာ၍ ကြီး​သော​သူ​မ​ရှိ​ပါ။ ကိုယ်​မ​ယား​ဖြစ်​သော သ​ခင်​မ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ ကျွန်​တော်​အား​မ​မြစ်​တား​ပါ။ သို့​ဖြစ်​လျှင် အ​ပြစ်​ကြီး​သော​ဤ​အ​မှု​ကို ကျွန်​တော်​ပြု၍ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ပြစ်​မှား​နိုင်​သ​နည်း​ဟု သ​ခင်၏​မ​ယား​ကို​ငြင်း၍ ပြန်​ဆို၏။

ငါ့​သား၊ သူ​တို့​နှင့်​အ​တူ မ​လိုက်​နှင့်။ သူ​တို့​သွား​သော​လမ်း​ကို ရှောင်​လော့။

အ​မျိုး​ပျက်​သော​မိန်း​မ၊ နှုတ်​နှင့်​ချော့​မော့​တတ်​သော ပြည့်​တန်​ဆာ​မိန်း​မ၊

အ​မျိုး​ပျက်​သော​မိန်း​မ၏​နှုတ်​သည် နက်​သော မြေ​တွင်း​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သော​သူ​သည် ထို​မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။

ပြည့်​တန်​ဆာ​မ​သည် နက်​သော​ကျုံး​ကဲ့​သို့​လည်း​ကောင်း၊ အ​မျိုး​ပျက်​သော​မိန်း​မ​သည် ကျဉ်း​သော မြေ​တွင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။

သူ​သည် ဓား​ပြ​ကဲ့​သို့​ချောင်း​ကြည့်​တတ်၏။ လွန်​ကျူး​သော ယောက်ျား​များ​ပြား​စေ​ခြင်း​ငှာ ပြု​တတ်၏။

အ​ကြောင်း​မူ​ကား၊ အ​မျိုး​ပျက်​သော​မိန်း​မ၏​နှုတ်​ခမ်း​သည် ပျား​လ​ပို့​ကဲ့​သို့ ယို​တတ်၍၊ သူ​ပြော​သော​စ​ကား​သည် ဆီ​ထက်​ချော​သော်​လည်း၊

ထို​သို့​သော​မိန်း​မ​ကို ဝေး​စွာ​ရှောင်​သွား​လော့။ သူ့​နေ​ရာ တံ​ခါး​ဝ​သို့​မ​ချဉ်း​နှင့်။

ထို​လူ​ပျို​ကို တွေ့​သော​အ​ခါ၊ ရဲ​သော​မျက်​နှာ​နှင့် ဖမ်း​ဖက်​နမ်း​ရှုပ်​လျက်၊

သို့​ပြု​လျှင် သူ​တို့​သည် အ​မျိုး​ပျက်​သော​မိန်း​မ၊ နှုတ်​နှင့် ချော့​မော့​တတ်​သော ပြည့်​တန်​ဆာ​မိန်း​မ​လက်​မှ သင့်​ကို ကယ်​တင်​ကြ​လိမ့်​မည်။

မိ​မိ​အိမ်​တံ​ခါး​နား​တွင် မြို့​မြင့်​ရာ​အ​ရပ် အ​နေ​အ​ထိုင်​ပေါ်​မှာ​ထိုင်​လျက်၊

ဉာဏ်​တိမ်​သော​သူ​သည် ဤ​အ​ရပ်​သို့​ဝင်​စေ။ အို ပ​ညာ​မ​ရှိ​သော​သူ၊

အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​ကောင်း​သော သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​အား​ဖြင့် ကောင်း​သော​အ​ကျင့်​ဓ​လေ့ ယို​ယွင်း​တတ်၏။-

မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အ​ခြား​ဒု​စ​ရိုက်​ရှိ​သ​မျှ​တို့​သည် ကိုယ်​ပြင်၌​ရှိ၏။ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​သော​သူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို​ပင် ပြစ်​မှား၏။-

မ​ကောင်း​သော​အ​မှု အ​မျိုး​မျိုး​ရှိ​သ​မျှ​ကို ရှောင်​ကြ​လော့။-

ထို​ကြောင့်၊ အ​သက်​အ​ရွယ်​နု​ပျို​သော မု​ဆိုး​မ​တို့​သည် အိမ်​သင့်​ခြင်း၊ သား​ဖွား​ခြင်း၊ အိမ်​မှု​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကဲ့​ရဲ့​စ​ရာ​အ​ခွင့်​ကို ရန်​သူ​အား မ​ပေး​ဘဲ​နေ​ခြင်း အ​မှု​များ​ကို ပြု​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

လူ​ပျို​တို့၏ တပ်​မက်​ခြင်း ကိ​လေ​သာ​စိတ်​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​ရှိ​ခြင်း၊ ချစ်​ခြင်း၊ စင်​ကြယ်​သော​စိတ်​ရှိ၍၊ သ​ခင်​ဘု​ရား​ကို​ပ​တ္ထ​နာ​ပြု​သော သူ​တို့​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။-

ချစ်​သူ​တို့၊ ဝိ​ညာဉ်​နှင့်​စစ်​ပြိုင်​တတ်​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း​တို့​ကို ရှောင်​မည်​အ​ကြောင်း၊ ဧည့်​သည်​အာ​ဂ​န္တု​ကဲ့​သို့​သော သင်​တို့​ကို ငါ​တောင်း​ပန်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ