ဣရှမေလလူတို့သည် ယောသပ်ကိုဆောင်သွား၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ အဲဂုတ္တုအမျိုးသားဖာရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူးပေါတိဖာထံမှာရောင်းကြ၏။
ထိုနောက်အစာစားခြင်းငှာထိုင်ကြစဉ် မျှော်ကြည့်၍၊ ဣရှမေလအမျိုးသားအစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများကို ကုလားအုတ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင်၊
ထိုအခါ၊ မိဒျန်အမျိုးသားကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကိုတွင်းထဲကဆွဲတင်ပြီးလျှင်၊ ငွေအကျပ်နှစ်ဆယ်အဖိုးနှင့် ဣရှမေလလူတို့အားရောင်း၍၊ ထိုသူတို့သည် ယောသပ်ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။
ယောသပ်ကိုကား၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည်သို့ဆောင်သွား၍၊ ဖာရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူး၊ ပေါတိဖာထံမှာရောင်းကြ၏။
ယောသပ်အချုပ်ခံရာထောင်တည်းဟူသော ကိုယ်ရံတော်မှူး၏အိမ်၌ ချုပ်ထားတော်မူ၏။
ယောသပ်ကလည်း၊ ကျွန်ုပ်အနီးအပါးသို့လာကြပါလော့ဟု အစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါးသို့ချဉ်းလာကြ၏။ သူကလည်း ကျွန်ုပ်သည် အဲဂုတ္တုပြည်သို့ရောင်းလိုက်သော သင်တို့ညီဖြစ်ပါ၏။
ကျွန်ဖြစ်စေဖို့ အရောင်းခံရသောယောသပ်ကို သူတို့ရှေ့မှာ စေလွှတ်တော်မူ၏။
အမျိုး၏အဘတို့သည်လည်း ငြူစူသောစိတ်ရှိ၍၊ ယောသပ်ကို အဲဂုတ္တုပြည်သို့ ရောင်းလိုက်ကြ၏။ ဘုရားသခင်သည် သူ့ကိုစောင့်မတော်မူလျက်၊-