Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 38:5

Judson Bible

တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်​၍ ဖွား​မြင်​သော​သား​ကို ရှေ​လ​အ​မည်​ဖြင့်​မှည့်​လေ၏။ ရှေ​လ​ဖွား​သော​အ​ခါ၊ အ​ဘ​သည်​ခေ​ဇိပ်​မြို့​မှာ​ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သား​ငယ်​ရှေ​လ​သည် အစ်​ကို​တို့​သေ​သ​ကဲ့​သို့​သေ​မည်​ဟု ယု​ဒ​သည်​စိုး​ရိမ်၍၊ မိ​မိ​ချွေး​မ​တာ​မာ​ကို​ခေါ်​ပြီး​လျှင်၊ ငါ့​သား​ရှေ​လ​မ​ကြီး​မီ သင်​သည် သင့်​အ​ဘ​၏အိမ်၌ မု​ဆိုး​မ​ပြု၍​နေ​ပါ​ဟု​ဆို​သည်​အ​တိုင်း၊ တာ​မာ​သွား၍ မိ​မိ​အ​ဘ၏​အိမ်၌​နေ​လေ၏။

ထို​ဥ​စ္စာ​ကို​ယု​ဒ​မှတ်​မိ၍ သူ့၏အ​ပြစ်​ထက် ငါ့​အ​ပြစ်​သာ၍​ကြီး​ပေ၏။ သူ့​အား ငါ့​သား​ရှေ​လ​ကို ငါ​မ​ပေး​စား​ဘဲ​နေ​မိ​ပြီ​ဟု​ပြော​ဆို၏။ နောက်​တစ်​ဖန် သူ့​ကို​မ​ချဉ်း​ကပ်​ဘဲ​နေ​၏။

ထို​နောက်​မှ ယု​ဒ​သည် မိ​မိ​သား​ဦး​ဧ​ရ​ကို တာ​မာ​အ​မည်​ရှိ​သော သ​တို့​သ​မီး​နှင့် စုံ​ဖက်​စေ​၏။

ယု​ဒ​သား။ ဧ​ရ၊ ဩ​နန်၊ ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ။ ထို​သူ​တို့​တွင် ဧ​ရ​နှင့် ဩ​နန်​သည် ခါ​နာန်​ပြည်၌​သေ​သ​တည်း။ ဖာ​ရက်​သား၊ ဟေ​ဇ​ရုံ​နှင့် ဟာ​မု​လ။

ယု​ဒ​သည် ခါ​နာန်​အ​မျိုး​ဖြစ်​သော ရှု​အာ​သ​မီး​တွင်​မြင်​သော​သား​ကား ဧ​ရ၊ ဩ​နန်၊ ရှေ​လ​တည်း။ ယု​ဒ​သား​ကြီး​ဧ​ရ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဆိုး​သော​သူ​ဖြစ်၍ ကွပ်​မျက်​တော်​မူ​ခြင်း​ကို ခံ​ရ၏။

ယု​ဒ​သား​ဖြစ်​သော ရှေ​လ၏​သား​ကား လေ​က​အ​ဘ​ဧ​ရ၊ မ​ရေ​ရှ​အ​ဘ လာ​ဒ​အ​စ​ရှိ​သော ပိတ်​ချော​ကို​ရက်​တတ်​သော အာ​ရှ​ဗာ​အ​ဆွေ​အ​မျိုး၊

ယု​ဒ၏​သား​ဟူ​မူ​ကား၊ ခါ​နာန်​ပြည်၌​သေ​သော​ဧ​ရ​နှင့် ဩ​နန်​အ​စ​ရှိ​သော၊

ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်၊ ရှေ​လ​မှ​ဆင်း​သက်​သော ရှေ​လ​နိ​အ​ဆွေ​အ​မျိုး၊ ဖာ​ရဇ်​မှ​ဆင်း​သက်​သော ဖာ​ရ​ဇိ​အ​ဆွေ​အ​မျိုး၊ ဇေ​ရ​မှ​ဆင်း​သက်​သော ဇေ​ရ​ဟိ​အ​ဆွေ​အ​မျိုး​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ