တစ်ဖန်ပဋိသန္ဓေယူပြန်၍ ဖွားမြင်သောသားကို ဩနန်အမည်ဖြင့်မှည့်လေ၏။
ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည်ပဋိသန္ဓေစွဲယူ၍၊ ကာဣနကိုဖွားမြင်လျှင်၊ ထာဝရဘုရား၏လူကိုငါရပြီဟု ဆိုလေ၏။
ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖာရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့် ဩနန်သည် ခါနာန်ပြည်၌သေသတည်း။ ဖာရက်သား၊ ဟေဇရုံနှင့် ဟာမုလ။
ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီးတွင်မြင်သောသားကား ဧရ၊ ဩနန်၊ ရှေလတည်း။ ယုဒသားကြီးဧရသည် ထာဝရဘုရားရှေ့တော်၌ဆိုးသောသူဖြစ်၍ ကွပ်မျက်တော်မူခြင်းကို ခံရ၏။
ယုဒ၏သားဟူမူကား၊ ခါနာန်ပြည်၌သေသောဧရနှင့် ဩနန်အစရှိသော၊