Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 38:29

Judson Bible

သို့​သော်​လည်း ထို​သူ​သည်​မိ​မိ​လက်​ကို​ရုပ်​ပြန်၍ သူ့​အစ်​ကို​ဖွား​သည်​ကို ဝမ်း​ဆွဲ​က၊ သင်​သည် အ​ဘယ်​ကြောင့်​အ​နိုင်​အ​ထက်​ပြု​ရ​သ​နည်း။ အ​နိုင်​အ​ထက်​ပြု​သော​ဤ​အ​မှု​သည် သင်၌​စွဲ​စေ​ဟု​ဆို​လျက် သူ့​ကို​ဖာ​ရက်​အ​မည်​ဖြင့် မှည့်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဖွား​စဉ်​တွင် သား​တစ်​ယောက်​သည် လက်​ကို​ထုတ်​ဆန့်၍၊ ဝမ်း​ဆွဲ​က ဤ​သူ​သည်​အ​ရင်​ဖွား​လိမ့်​မည်​ဟု​ဆို​လျက် လက်​ကို​ကိုင်၍ နီ​သော​ကြိုး​နှင့်​စည်း​လေ​၏။

ယု​ဒ​သား။ ဧ​ရ၊ ဩ​နန်၊ ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ။ ထို​သူ​တို့​တွင် ဧ​ရ​နှင့် ဩ​နန်​သည် ခါ​နာန်​ပြည်၌​သေ​သ​တည်း။ ဖာ​ရက်​သား၊ ဟေ​ဇ​ရုံ​နှင့် ဟာ​မု​လ။

ချွေး​မ​တာ​မာ​တွင် မြင်​သော​သား​ကား ဖာ​ရက်​နှင့် ဇာ​ရ​တည်း။ ယု​ဒ​သား​ပေါင်း​ကား ငါး​ယောက်​တည်း။

ယု​ဒ​သား ဖာ​ရက်​အ​မျိုး​အ​နွယ်၊ ဗာ​နိ၊ ဣ​မ​ရိ၊ ဩ​မ​ရိ၊ အ​မိ​ဟုဒ်​တို့​မှ ဆင်း​သက်​သော ဥ​သဲ​တစ်​ပါး၊

ယု​ဒ​အ​မျိုး၊ ဖာ​ရက်၊ မ​ဟာ​လေ​လ၊ ရှေ​ဖ​တိ၊ အာ​မ​ရိ၊ ဇာ​ခ​ရိ၊ ဩ​ဇိ​တို့​မှ ဆင်း​သက်​သော အ​သာ​ယ​တစ်​ပါး၊

ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ဖာ​ရက်​အ​မျိုး​သား၊ သူ​ရဲ လေး​ရာ​ခြောက်​ဆယ်​ရှစ်​ယောက်​တည်း။

ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်၊ ရှေ​လ​မှ​ဆင်း​သက်​သော ရှေ​လ​နိ​အ​ဆွေ​အ​မျိုး၊ ဖာ​ရဇ်​မှ​ဆင်း​သက်​သော ဖာ​ရ​ဇိ​အ​ဆွေ​အ​မျိုး၊ ဇေ​ရ​မှ​ဆင်း​သက်​သော ဇေ​ရ​ဟိ​အ​ဆွေ​အ​မျိုး​တည်း။

ယု​ဒ​သည် မိ​မိ​ခင်​ပွန်း တာ​မာ​တွင်​မြင်​သော သား​ဖာ​ရက်​နှင့် ဇာ​ရ။ ဖာ​ရက်​သား ဟေ​ဇ​ရုံ။ ဟေ​ဇ​ရုံ​သား အာ​ရံ။-

နာ​ရှုန်​အ​ဘ အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​အ​ဘ အာ​ရံ၊ အာ​ရံ​အ​ဘ ဟေ​ဇ​ရုံ၊ ဟေ​ဇ​ရုံ​အ​ဘ ဖာ​ရက်၊ ဖာ​ရက်​အ​ဘ ယု​ဒ၊-

အ​သက်​ပျို​သော ဤ​မိန်း​မ​တွင်၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​လ​တ္တံ့​သော မျိုး​စေ့​အား​ဖြင့် သင်၏​အ​မျိုး​အ​နွယ်​သည် ယု​ဒ​မ​ယား​တာ​မာ ဖွား​မြင်​သော ဖာ​ရက်​အ​မျိုး​အ​နွယ်​ကဲ့​သို့ ဖြစ်​ပါ​စေ​သော​ဟု ပြော​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ