ဖွားစဉ်တွင် သားတစ်ယောက်သည် လက်ကိုထုတ်ဆန့်၍၊ ဝမ်းဆွဲက ဤသူသည်အရင်ဖွားလိမ့်မည်ဟုဆိုလျက် လက်ကိုကိုင်၍ နီသောကြိုးနှင့်စည်းလေ၏။
ထိုနောက်မှ သူ့ညီသည်၊ အစ်ကိုဧသော၏ဖနှောင့်ကိုကိုင်လျက် ဖွားလာ၏။ သူ့ကိုကား၊ ယာကုပ်အမည်ဖြင့် မှည့်ကြ၏။ ထိုသားနှစ်ယောက်ကို ဖွားသောအခါ၊ ဣဇာက်သည် အသက်ခြောက်ဆယ်ရှိသတည်း။
ထိုနောက်တာမာသည် သားဖွားချိန်ရောက်လျှင်၊ ဝမ်းထဲတွင်သားနှစ်ယောက်ရှိ၏။
သို့သော်လည်း ထိုသူသည်မိမိလက်ကိုရုပ်ပြန်၍ သူ့အစ်ကိုဖွားသည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ်ကြောင့်အနိုင်အထက်ပြုရသနည်း။ အနိုင်အထက်ပြုသောဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ကိုဖာရက်အမည်ဖြင့် မှည့်လေ၏။