Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 38:26

Judson Bible

ထို​ဥ​စ္စာ​ကို​ယု​ဒ​မှတ်​မိ၍ သူ့၏အ​ပြစ်​ထက် ငါ့​အ​ပြစ်​သာ၍​ကြီး​ပေ၏။ သူ့​အား ငါ့​သား​ရှေ​လ​ကို ငါ​မ​ပေး​စား​ဘဲ​နေ​မိ​ပြီ​ဟု​ပြော​ဆို၏။ နောက်​တစ်​ဖန် သူ့​ကို​မ​ချဉ်း​ကပ်​ဘဲ​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​အင်္ကျီ​ကို​အ​ဘ​မှတ်​မိ၍၊ ငါ့​သား၏​အင်္ကျီ​မှန်၏။ သူ့​ကို​ဆိုး​သော​သား​ရဲ​ကိုက်​စား​ပြီ။ အ​ကယ်​၍​ယော​သပ်​ကို အ​ပိုင်း​အ​ပိုင်း​ကိုက်​ဖြတ်​ပါ​ပြီ​တ​ကား​ဟု​ဆို​လျက်၊

မု​ဆိုး​မ​အ​ဝတ်​ကို​ချွတ်၍ မျက်​နှာ​ဖုံး​နှင့် မျက်​နှာ​ကို​ဖုံး​လျက်၊ ကိုယ်​ကို​လည်း​ခြုံ​ရုံ​လျက်၊ တိ​မ​နတ်​မြို့​သို့​သွား​သော​လမ်း​အ​နား၊ ဧ​နိမ်​မြို့​တံ​ခါး​ဝ၌ ထိုင်​နေ​လေ၏။ အ​ကြောင်း​မူ​ကား၊ ရှေ​လ​ကြီး​သော်​လည်း၊ မိ​မိ​နှင့် အိမ်​ထောင်​ဖက်​မ​ပြု​ရ​ဟု သိ​မြင်​သော​ကြောင့်​တည်း။

ထို​နောက်၊ လူ​အာ​ဒံ​သည် မ​ယား​ဧ​ဝ​နှင့်​ဆက်​ဆံ​သ​ဖြင့်၊ ဧ​ဝ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​၍၊ ကာ​ဣ​န​ကို​ဖွား​မြင်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​၏​လူ​ကို​ငါ​ရ​ပြီ​ဟု ဆို​လေ​၏။

နန်း​တော်​ပေါ်​မှာ အ​ဗ​ရှ​လုံ​အ​ဖို့​မျက်​နှာ​ကြက်​ကို​မိုး၍၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ခ​မည်း​တော်၏ ကိုယ်​လုပ်​တော်​တို့​ရှိ​ရာ​သို့ ဝင်​လေ၏။

ဒါ​ဝိဒ်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​သို့ ရောက်​သော​အ​ခါ၊ နန်း​တော်​ကို​စောင့်​စေ​ခြင်း​ငှာ ထား​ခဲ့​သော ကိုယ်​လုပ်​တော်​တစ်​ကျိပ်​တို့​ကို​ယူ၍ လှောင်​အိမ်၌​ထား၏။ ထို​သူ​တို့​ကို ကျွေး​မွေး​သော်​လည်း မ​ပေါင်း​ဖော်။ သူ​တို့​သည် သေ​သည်​တိုင်​အောင် အ​ချုပ်​ခံ၍ မု​ဆိုး​မ​ကဲ့​သို့ နေ​ရ​ကြ၏။

လူ​တို့​ကို ဒဏ်​ခတ်​သော ကောင်း​ကင်​တ​မန်​ကို ဒါ​ဝိဒ်​သည်​မြင်​သော​အ​ခါ၊ အ​ကျွန်ုပ်​ပြစ်​မှား​ပါ​ပြီ။ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ။ ဤ​သိုး​တို့​မူ​ကား အ​ဘယ်​သို့​ပြု​မိ​ပါ​သ​နည်း။ လက်​တော်​သည် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး၌ ရောက်​စေ​တော်​မူ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လေ၏။

ယ​ခု​မူ​ကား၊ ကိုယ်​တိုင်​အ​မှု​တွေ့၍ စိတ်​ပျက်၏။ အ​ထိ​အ​ခိုက်​ခံ​ရ​သော​ကြောင့် မိန်း​မော​တွေ​ဝေ​လျက် နေ၏။

တစ်​ကြိမ် ပြော​မိ​ပါ​ပြီ။ တစ်​ဖန် မ​ပြော​ဝံ့​ပါ။ နှစ်​ကြိမ်​တိုင်​အောင် ပြော​မိ​ပါ​ပြီ။ သို့​ရာ​တွင် ထပ်၍​မ​ပြော​ဝံ့​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား ပြန်၍​လျှောက်​လေ၏။

သင်​သည် ညီ​အစ်​မ​တို့​ကို အ​ပြစ်​တင်၍ စီ​ရင်​လျက်​ပင်၊ သူ​တို့​ပြု​သည်​ထက် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို သာ၍​ပြု​သော​ကြောင့်၊ အ​ရှက်​ကွဲ​ခြင်း​ကို​ခံ​လော့။ သူ​တို့​သည် သင့်​ထက်​သာ၍ အ​ပြစ်​နည်း​ကြ၏။ သင်​မူ​ကား၊ ညီ​အစ်​မ​တို့၏​အ​ပြစ်​ကို မ​ထင်​ရှား​စေ​သည်​တိုင်​အောင်​ပြု​သော​ကြောင့် စိတ်​ပျက်၍ အ​ရှက်​ကွဲ​ခြင်း​ကို ခံ​လော့။

ကိုယ်​တော်​သည် ဒု​စ​ရိုက်​ကို ကြည့်​ရှု​တော်​မ​မူ။ သန့်​ရှင်း​သော မျက်​စိ​ရှိ​တော်​မူ၏။ အ​ဓ​မ္မ​အ​မှု​ကို ကြည့်​ရှု၍ နေ​တော်​မ​မူ​တတ်​ပါ။ သို့​ဖြစ်၍၊ သ​စ္စာ​ပျက်​သော​သူ​တို့​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု၍ နေ​တော်​မူ​သ​နည်း။ အ​ဓ​မ္မ​လူ​သည် မိ​မိ​ထက်​ဖြောင့်​မတ်​သော​သူ​ကို ကိုက်​စား​သော​အ​ခါ၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ နေ​တော်​မူ​သ​နည်း။

နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။

ထို​သူ​တို့​သည်​ကြား​ရ​လျှင် မိ​မိ​တို့​စိတ်​နှ​လုံး​သည် မိ​မိ​တို့​အ​ပြစ်​ကို ဖော်​ပြ​သ​ဖြင့်၊ အ​သက်​ကြီး​သော​သူ​မှ​စ၍ အ​ငယ်​ဆုံး​သော​သူ​တိုင်​အောင် တစ်​ယောက်​နောက်​တစ်​ယောက် ထွက်​သွား​ကြ၏။ ယေ​ရှု​သည် တစ်​ယောက်​တည်း ကျန်​ရစ်​တော်​မူ၍၊ မိန်း​မ​သည် အ​လယ်၌​ရပ်​နေ၏။-

ည​အ​ချိန်​ကုန်​လု၍ နေ့​အ​ချိန် ရောက်​လု​သော​ကြောင့်​လည်း​ကောင်း၊ ယ​ခု​အ​ခါ အိပ်​ပျော်​ရာ​မှ နိုး​ရ​သော​အ​ချိန် ရောက်​ခဲ့​ပြီ​ဟု ငါ​တို့​သည်​သိ၍ ကာ​လ​အ​ချိန်​ကို ထောက်​လျက်၊ မှောင်​မိုက်၏​အ​ကျင့်​ကို ပယ်​ရှား၍၊ အ​လင်း၏ လက်​နက်​စုံ​ကို ဝတ်​ဆင်​ဆောင်​ရွက်​ကြ​ကုန်​အံ့။-

ပ​ညတ်​တ​ရား၌ ပါ​သ​မျှ​သော​စ​ကား​တို့​သည် ပ​ညတ်​တ​ရား​ကို ခံ​သော​သူ​တို့​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့ သိ​ကြ၏။ ထို​သို့​ဖြစ်၍၊ လော​ကီ​သား​အ​ပေါင်း​တို့​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​နိုင်​ဘဲ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ပြစ်​သင့်သော​သူ​ဖြစ်​ကြ၏။-

တစ်​ဖန်​လည်း၊ သင်​သည် ငါ့​ထက်​သာ၍ တ​ရား​စောင့်၏။ သင့်​အ​ကျိုး​ကို ငါ​ဖျက်​သော်​လည်း၊ သင်​သည် ငါ၌ အ​ကျိုး​ကျေး​ဇူး​ပြု​ပြီ။

ငါ၌ အ​ဘယ်​သို့ ကျေး​ဇူး​ပြု​သည်​ကို သင်​သည်​ယ​နေ့​ပြ​ပြီ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင့်​လက်၌ အပ်​တော်​မူ​သော်​လည်း၊ သင်​သည် မ​သတ်​ဘဲ​နေ​ပါ​သည်​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ