Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 38:25

Judson Bible

ထုတ်​သော​အ​ခါ၊ တာ​မာ​သည် တံ​ဆိပ်၊ စ​လွယ်၊ တောင်​ဝှေး​တို့​ကို ယော​က္ခ​မ​ထံ​သို့​ပို့​စေ၍၊ ဤ​ဥ​စ္စာ​ကို​ပိုင်​သော​သူ​အား​ဖြင့် ကျွန်​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​ပြီ။ ဤ​ဥ​စ္စာ​တို့​သည်​အ​ဘယ်​သူ၏​ဥ​စ္စာ​ဖြစ်​သည်​ကို ကြည့်​ပါ​လော့​ဟု​မှာ​လိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ၊ အ​ဆင်း​ထူး​ခြား​သော​ထို​အင်္ကျီ​ကို​ပေး​လိုက်၍၊ အ​ချို့​တို့​သည် အ​ဘ​ထံ​သို့​ဆောင်​ခဲ့​လျက်၊ ဤ​အင်္ကျီ​ကို​အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ။ သား၏​အင်္ကျီ ဟုတ်​သည် မ​ဟုတ်​သည်​ကို​ကြည့်​ပါ​ဟု​ဆို​လျှင်၊

ယု​ဒ​က အ​ဘယ်​အ​ရာ​ကို​ပေါင်​စေ​ချင်​သ​နည်း​ဟု ပြန်၍​မေး​လေ​သော်၊ မိန်း​မ​က၊ သင်၏​တံ​ဆိပ်၊ စ​လွယ်၊ လက်​စွဲ​တောင်​ဝှေး​တို့​ကို​ပေါင်​တော့​ဟု ဆို​သည်​အ​တိုင်း၊ ထို​ဥ​စ္စာ​ကို​အပ်၍ မိန်း​မ​ထံ​သို့​ဝင်​သ​ဖြင့်၊ သူ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​လေ၏။

ထို​သို့​ကျင့်၍ ငါ​သည်​တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ ငါ့​ကို သင်​နှင့်​တူ​သည်​ဟု ထင်​လေ​ပြီ​တ​ကား။ သင်၏​အ​ပြစ်​ကို ငါ​ဖော်​ပြ၍၊ သင့်​မျက်​မှောက်၌ ခင်း​ထား​မည်။

ဖမ်း​မိ​သော​သူ​ခိုး​သည် ရှက်​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင်၊ မင်း​သား၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်​နှင့်​တ​ကွ အ​မျိုး​သား​များ​တို့​သည် ရှက်​ကြ​၏။

ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် လူ​တို့၏ မ​ထင်​ရှား​သော အ​မှု​အ​ရာ​တို့​ကို စစ်​ကြော စီ​ရင်​တော်​မူ​သော​နေ့၌ ထို​သို့​စီ​ရင်​တော်​မူ​လ​တ္တံ့။

ထို​သို့​ဖြစ်​လျှင် မှောင်​မိုက်၌ ဝှက်​ထား​သော​အ​ရာ​တို့​ကို ပွင့်​လင်း​စေ၍ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​လ​တ္တံ့​သော သ​ခင်​ဘု​ရား ကြွ​လာ​တော်​မ​မူ​မီ တိုင်​အောင် အ​ဘယ်​အ​မှု​ကို​မျှ အ​ဆုံး​အ​ဖြတ် မ​စီ​ရင်​ကြ​နှင့်။ ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ချီး​မွမ်း​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့။

သေ​လွန်​သော​သူ အ​ကြီး​အ​ငယ်​တို့​သည် ပ​လ္လင်​တော်​ရှေ့​မှာ ရပ်​န​ကြ​သည်​ကို ငါ​မြင်၏။ စာ​စောင်​များ​ကို ဖွင့်​ထား၏။ အ​သက်​စာ​စောင်​တည်း​ဟူ​သော အ​ခြား​တစ်​ပါး​သော စာ​စောင်​ကို​လည်း ဖွင့်​လေ၏။ သေ​လွန်​သော​သူ​တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ စာ​စောင်​တို့၌ ရေး​ထား​ချက်​များ​နှင့်​အ​ညီ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ