လမ်းကိုလွှဲ၍အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော်၊ မိန်းမက၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှာ အဘယ်ဆုကိုပေးမည်နည်းဟုမေးလျှင်၊
ယုဒသည်ထိုမိန်းမကိုမြင်သောအခါ၊ သူသည်မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်၊ ပြည့်တန်ဆာဖြစ်သည်ဟု ထင်မှတ်လျက်၊
ယုဒက၊ ဆိတ်သငယ်ကိုပေးလိုက်မည်ဟု ဆိုလေ၏။ မိန်းမကလည်း၊ မပေးလိုက်မီ တစ်စုံတစ်ခုသောအရာကို ပေါင်ထားမည်လောဟုမေးလျှင်၊
ထိုသို့ အာမနုန်စားစရာဖို့ ယူခဲ့သောအခါ၊ သူသည် နှမလက်ကိုဆွဲ၍၊ ငါ့နှမ၊ ငါနှင့်အိပ်ပါဟု ဆို၏။
ပြည့်တန်ဆာမိန်းမ ရှိသမျှတို့သည် လက်ဆောင်ကို ခံယူတတ်ကြ၏။ သင်မူကား၊ သင်၏ရည်းစားအပေါင်းတို့အား လက်ဆောင်ကို ပေးတတ်၏။ အရပ်ရပ်တို့က လာ၍ မတရားသောမေထုန်ကို ပြုစေခြင်းငှာ၊ သူတစ်ပါးတို့ကို ငှားတတ်၏။
အကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက် ပေးပါမည်နည်းဟု လျှောက်သော်၊ ထိုသူတို့က ငွေအကျပ်သုံးဆယ် ပေးမည်ဟု ဝန်ခံကြ၏။-
ပြည့်တန်ဆာလုပ်၍ ရသောငွေ၊ ခွေးကိုရောင်း၍ ရသောငွေကို သစ္စာကတိပြေစေခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်သို့ မသွင်းရ။ ထိုသို့သောငွေကို စက်ဆုပ်ရွံရှာတော်မူ၏။
အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုးကြပြီ။