ထိုကာလအခါ ယုဒသည် ညီအစ်ကိုနေရာမှသွား၍၊ ဟိရအမည်ရှိသော၊ အဒုလံအမျိုးသားထံသို့ဝင်လေ၏။
ကာလအင်တန်ကြာလေသော်၊ ရှုအာသမီးဖြစ်သော ယုဒမယားလည်းသေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာတိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုးဟိရနှင့်အတူ သွားလေ၏။
ယုဒသည် မိန်းမ၌ပေါင်သောဥစ္စာကိုရွေးယူခြင်းငှာ၊ မိမိအဆွေအဒုလံအမျိုးသားတွင် ဆိတ်သငယ်ကိုပေးလိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမကိုမတွေ့လျှင်၊
ဗိုလ်စုအဝင်သုံးယောက်တို့သည် စပါးရိတ်ရာကာလ၌၊ ဒါဝိဒ်ရှိရာ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့သည် ရေဖိမ်ချိုင့်၌ တပ်ချလျက်ရှိကြ၏။
တစ်နေ့သ၌ ဧလိရှဲသည် ရှုနင်မြို့သို့သွားရာတွင်၊ ထိုမြို့၌ ထင်ရှားသောမိန်းမတစ်ယောက်သည် ဧလိရှဲကို ကျွေးခြင်းငှာ ခေါ်ပင့်လေ၏။ နောက်မှ ထိုလမ်းသို့သွားသောအခါခါ၊ ကျွေးခြင်းကိုခံအံ့သောငှာ ထိုအိမ်သို့ဝင်တတ်၏။
ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။
မိုက်သောသူကို ရှောင်၍ အသက်ချမ်းသာရလော့။ ပညာလမ်းသို့ လိုက်လော့ဟု ဆိုသတည်း။
အို မရေရှမြို့သမီး၊ သင်၏ဥစ္စာကို အမွေခံသောသူကို ငါခေါ်ခဲ့မည်။ သူသည် ဣသရေလဘုန်း၊ အဒုလံမြို့သို့ ရောက်လိမ့်မည်။
လိဗနမင်းကြီးတစ်ပါး၊ အဒုလံမင်းကြီးတစ်ပါး၊
ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေကာမြို့၊
ယေလသည် သိသရကို ခရီးဦးကြိုပြုခြင်းငှာ ထွက်၍၊ သခင်ဝင်ပါ၊ ကျွန်မဆီသို့ ဝင်ပါ။ စိုးရိမ်တော်မမူပါနှင့်ဟု ခေါ်သည်အတိုင်း၊ သူသည် ယေလနေရာတဲထဲသို့ဝင်၍ ယေလသည် သူ့ကို စောင်နှင့်ခြုံလေ၏။
ဒါဝိဒ်သည် ထိုအရပ်မှပြေး၍ အဒုလံဥမင်သို့ ဘေးလွတ်လျက် ရောက်လေ၏။ သူ့အစ်ကိုများ၊ အဆွေအမျိုးများ အပေါင်းတို့သည် ကြားလျှင် သူ့ထံသို့သွားကြ၏။