Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 37:8

Judson Bible

အစ်​ကို​တို့​က​လည်း၊ သင်​သည် ငါ​တို့၌​မင်း​ပြု​ရ​လိမ့်​မည်​လော၊ ငါ​တို့​ကို အ​စိုး​ရ​လိမ့်​မည်​လော​ဟု ပြန်​ဆို၍၊ သူ၏​အိပ်​မက်​နှင့် သူ၏​စ​ကား​အ​ကြောင်း​ကြောင့် သာ၍​မုန်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အ​ဘ​သည် ယာ​ကုပ်​အား​ပေး​သော ကောင်း​ချီး​မင်္ဂ​လာ​ကြောင့်၊ ဧ​သော​သည် ယာ​ကုပ်​ကို​အ​ငြိုး​ထား၍၊ ငါ့​အ​ဘ​ကြောင့် ညည်း​တွား​ရ​သော​နေ့​ရက်​ကာ​လ​အ​ချိန်​နီး​ပြီ။ ထို​အ​ခါ ငါ့​ညီ​ယာ​ကုပ်​ကို​ငါ​သတ်​မည်​ဟု၊ အ​ကြံ​နှင့်​ပြော​လေ၏။

အ​ဘ​သည် မိ​မိ​သား​အ​ပေါင်း​တို့​တွင်၊ ယော​သပ်​ကို​သာ၍​ချစ်​ကြောင်း​ကို၊ အစ်​ကို​တို့​သည် သိ​မြင်​သော​အ​ခါ၊ သူ့​ကို​မုန်း၍ မေ​တ္တာ​စ​ကား​ကို​သူ့​အား မ​ပြော​နိုင်​ကြ။

တစ်​ဖန်​အိပ်​မက်​ကို​မြင်​ပြန်၍ အစ်​ကို​တို့​အား၊ အ​ခြား​သော​အိပ်​မက်​ကို ကျွန်ုပ်​မြင်​ရ​ပြီ။ နေ၊ လ​နှင့်​တ​ကွ၊ ကြယ်​ဆယ်​တစ်​လုံး​တို့​သည်၊ ကျွန်ုပ်​ကို​ရှိ​ခိုး​ကြ၏​ဟု ကြား​ပြော​လေ၏။

သူ​တို့​က၊ မ​ဟုတ်​ပါ​သ​ခင်။ ကိုယ်​တော်၏​ကျွန်​တို့​သည် အ​စာ​ကို ဝယ်​ခြင်း​ငှာ​သာ​လာ​ကြ​ပါ၏။

ထို​အ​ခါ ယု​ဒ​သည်​ချဉ်း​ကပ်​လျက်၊ သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် စ​ကား​တစ်​ခွန်း​ဖြင့် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်၌ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​သည် ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ဖြစ်​တော်​မူ၏။

သင်၏​အ​ဘ​ပေး​သော​ကောင်း​ချီး​မင်္ဂ​လာ​သည်၊ ထာ​ဝ​ရ​တောင်​တို့၌​ဖြစ်​သော ကောင်း​ချီး​မင်္ဂ​လာ၊ ထာ​ဝ​ရ​ကုန်း​တို့၌ နှစ်​သက်​ဖွယ်​သော​အ​ရာ​တို့​ထက် သာ၍​မြတ်၏။ ထို​မင်္ဂ​လာ​သည် ယော​သပ်​ခေါင်း​ပေါ်၊ မိ​မိ​အစ်​ကို​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၏​ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​ပါ​စေ​သော။

အစ်​ကို​တို့​သည်​လည်း​ဝင်၍ ယော​သပ်​ရှေ့​မှာ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။

တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အထွတ်​ဖျား​သို့ ရောက်​ပြန်၏။

ထို​သူ​က၊ အ​ဘယ်​သူ​သည်​သင့်​ကို ငါ​တို့​အ​ပေါ်​မှာ အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌​ခန့်​ထား​သ​နည်း။ အဲ​ဂု​တ္တု​လူ​ကို​သတ်​သ​ကဲ့​သို့ ငါ့​ကို သတ်​လို​သ​လော​ဟု​ပြန်​ဆို၏။ ထို​အ​ခါ မော​ရှေ​သည် မိ​မိ​ပြု​သော​အ​မှု​ထင်​ရှား​ပြီ​ဟု သိ၍​ကြောက်​လေ၏။

ပြည်​သား​အ​ချို့​သည် ထို​အ​မတ်​ကို မ​နာ​လို၍၊ ထို​သူ၏ အ​အုပ်​အ​ချုပ်​ကို ငါ​တို့​မ​ခံ​လို​ပါ​ဟု တ​မန်​ကို သူ့​နောက်​သို့ စေ​လွှတ်​ကြ၏။-

ကိုယ်​တော်​သည် ထို​သူ​တို့​ကို ကြည့်​ရှု၍၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန်​တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် အ​ဘယ်​သို့ ဆို​လို​သ​နည်း။-

အ​ဘယ်​သူ​သည် သင့်​ကို အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​သ​နည်း​ဟူ၍ အ​ငြင်း​အ​ပယ်​ခံ​ရ​သော ထို​မော​ရှေ​ကို အ​ကဲ​အ​မှူး၊ ကယ်​လွှတ်​သော​သူ ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ချုံ​၌​ထင်​ရှား​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် စေ​ခန့်​တော်​မူ၏။-

မြေ​ကြီး​ဘ​ဏ္ဍာ စုံ​လင်​ရာ​အား​ဖြင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ရာ၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ချုံ၌​နေ​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​သည် ယော​သပ်​ခေါင်း​ပေါ်၊ မိ​မိ​အစ်​ကို​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၏ ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​ပါ​စေ​သော။

ထို​မျှ​မ​က၊ ဘု​ရား​သ​ခင်၏ သား​တော်​ကို ခြေ​ဖြင့်​ကျော်​နင်း​လျက်၊ မိ​မိ​ကို​စင်​ကြယ်​စေ​သော ပ​ဋိ​ညာဉ်​တ​ရား၏ သွေး​ကို အ​ပြစ်​တင်​လျက်၊ ဆု​ကျေး​ဇူး​ကို​ပေး​သော ဝိ​ညာဉ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​လျက်​ရှိ​သော​သူ​သည်၊ အ​ဘယ်​မျှ​လောက် ကြီး​စွာ​သော​ဒဏ်​ဖြင့် ခံ​ထိုက်​သည်​ကို သင်​တို့ ထင်​ကြ​သ​နည်း။-

အ​ဓ​မ္မ​လူ​တို့​က၊ ဤ​သူ​သည် ငါ​တို့​ကို အ​ဘယ်​သို့ ကယ်​တင်​လိမ့်​မည်​နည်း​ဟု ဆို​လျက်၊ လက်​ဆောင်​ကို မ​ဆက်​ဘဲ မ​ထီ​မဲ့​မြင်​ပြု​သော်​လည်း၊ ရှော​လု​သည် အ​မှု​မ​ထား​ဘဲ​နေ၏။

ထို​သူ​တို့​နှင့် ဒါ​ဝိဒ်​ပြော​သည်​ကို အစ်​ကို​အ​ကြီး​ဧ​လျာ​ဘ​ကြား​လျှင် ဒါ​ဝိဒ်​ကို​အ​မျက်​ထွက်၍၊ သင်​သည် အ​ဘယ်​ကြောင့် ဤ​အ​ရပ်​သို့​လာ​သ​နည်း။ ထို​နည်း​သော​သိုး​တို့​ကို တော​တွင် အ​ဘယ်​သူ​လက်၌ အပ်​ခဲ့​သ​နည်း။ သင့်​မာ​န​ကြီး​ခြင်း၊ သင့်​စိတ်​နှ​လုံး​ဆိုး​ညစ်​ခြင်း​ကို ငါ​သိ၏။ စစ်​ပွဲ​ကို ကြည့်​ရှု​ခြင်း​ငှာ​သာ လာ​ပြီ​ဟု ဆို၏။

ရှော​လု​က၊ သူ​တို့​သည် ဒါ​ဝိဒ်​အား အ​သောင်း​သောင်း၊ ငါ့​အား အ​ထောင်​ထောင်​သာ​ပေး​ကြ​ပြီ။ နိုင်​ငံ​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို ပေး​နိုင်​သေး​သ​နည်း​ဟု အ​လွန်​အ​မျက်​ထွက်၍ ထို​စ​ကား​ကြောင့် စိတ်​ပျက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ