Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 37:7

Judson Bible

ကျွန်ုပ်​တို့​သည် လယ်၌​ကောက်​လှိုင်း​ကို​စည်း၍​နေ​ကြ​စဉ်​တွင်၊ ကျွန်ုပ်​ကောက်​လှိုင်း​သည်​ထ၍ မတ်​တတ်​နေ​သ​ဖြင့်၊ သင်​တို့၏​ကောက်​လှိုင်း​တို့​သည် ဝိုင်း၍​ရပ်​လျက်၊ ကျွန်ုပ်​ကောက်​လှိုင်း​ကို​ရှိ​ခိုး​ကြ​သည်​ဟု ပြော​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး​တို့​သည်​သင်၌​ကျွန်​ခံ၍၊ အ​ပြည်​ပြည်​တို့​သည် သင့်​ရှေ့​မှာ ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည် သင်၏​ညီ​အစ်​ကို​တို့၌​အ​ရှင်​ဖြစ်၍၊ သင့်​အ​မိ​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကျိန်​ဆဲ သော​သူ​အ​ပေါင်း​တို့​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​ကို​ခံ​ရ​ကြ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​လေ၏။

အိပ်​မက်​ကို အ​ဘယ်​သို့​ပြန်​ပြော​သ​နည်း​ဟူ​မူ​ကား၊ ကျွန်ုပ်​မြင်​ရ​သော အိပ်​မက်​ကို​နား​ထောင်​ကြ​ပါ​လော့။

ယော​သပ်​သည်​နိုင်​ငံ​အုပ်​ဖြစ်၍ ပြည်​သား​အ​ပေါင်း​တို့​အား ရောင်း​သော​အ​မှု​ကို စီ​ရင်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည်​လာ၍ သူ့​ရှေ့​မှာ ဦး​ညွှတ်​ချ​ကြ၏။

ယော​သပ်​သည်​သူ​တို့​အ​ကြောင်း​နှင့် မြင်​ရ​သော​အိပ်​မက်​တို့​ကို အောက်​မေ့​လျက်၊ သင်​တို့​သည်​သူ​လျှို​ဖြစ်​ကြ၏။ ပြည်​တော်၌ အား​နည်း​သော​အ​ရပ်​ကို ကြည့်​ရှု​ခြင်း​ငှာ လာ​ကြ​ပြီ​ဟု​ဆို​လျှင်၊

ယော​သပ်​သည်​အိမ်​သို့​ရောက်​သော​အ​ခါ၊ သူ​တို့​သည် ကိုယ်​၌​ပါ​သော​လက်​ဆောင်​ကို အိမ်​ထဲ​ယော​သပ်​ထံ​သို့​သွင်း၍ သူ့​ရှေ့​မှာ​ဦး​ညွှတ်​ချ​လျက် နေ​ကြ​၏။

သူ​တို့​က၊ ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​တို့​အ​ဘ​သည် ကျန်း​မာ​ပါ​၏၊ အ​သက်​ရှင်​ပါ​သေး​၏​ဟု​လျှောက်​လျက်၊ ဦး​ညွှတ်​ချ၍ ရှိ​ခိုး​လျက်​နေ​ကြ​၏။

ယု​ဒ​နှင့် ညီ​အစ်​ကို​တို့​သည် ယော​သပ်​အိမ်​သို့​ရောက်၍၊ သူ​သည်​အိမ်၌​ရှိ​သေး​သ​ဖြင့်၊ သူ့​ရှေ့​မှာ​ပျပ်​ဝပ်​လျက် နေ​ကြ၏။

ထို​အ​ခါ ယု​ဒ​သည်​ချဉ်း​ကပ်​လျက်၊ သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် စ​ကား​တစ်​ခွန်း​ဖြင့် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်၌ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​သည် ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ဖြစ်​တော်​မူ၏။

သ​ခင်​က၊ သင်​တို့​သည်​အ​ဘ​ရှိ​သ​လော။ ညီ​ရှိ​သ​လော​ဟု ကျွန်​တော်​တို့​အား မေး​တော်​မူ​လျှင်၊

အစ်​ကို​တို့​သည်​လည်း​ဝင်၍ ယော​သပ်​ရှေ့​မှာ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​သ​တ္တ​ဝါ၊ မြေ​ကြီး​သ​တ္တ​ဝါ၊ မြေ​ကြီး​အောက်၌​ရှိ​သော သ​တ္တ​ဝါ​တည်း​ဟူ​သော ခပ်​သိမ်း​သော သ​တ္တ​ဝါ​တို့​သည် ယေ​ရှု၏​ဘွဲ့​နာ​မ​တော်​ကို ဒူး​ထောက်၍၊-

အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်၏​ဦး​ခေါင်း ဖြစ်​တော်​မူ၏။ အ​ရာ​ရာ၌ ထူး​မြတ်​ခြင်း​ငှာ မူ​လ​အ​ရင်း​ဖြစ်၍၊ သေ​သော​သူ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ