Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 37:3

Judson Bible

ဣ​သ​ရေ​လ​သည် အ​သက်​ကြီး​စဉ်​အ​ခါ သား​ယော​သပ်​ကို​ရ​သော​ကြောင့်၊ အ​ခြား​သော​သား​အ​ပေါင်း​တို့​ကို​ချစ်​သည်​ထက် ယော​သပ်​ကို​သာ၍​ချစ်၏။ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အင်္ကျီ​ကို​ချုပ်၍​ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​သည် အစ်​ကို​တို့​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ဝတ်​သော​အင်္ကျီ၊ အ​ဆင်း​ထူး​ခြား​သော​အင်္ကျီ​ကို​ချွတ်​ပြီး​မှ၊

သူ​တို့​သည်​လည်း၊ ယော​သပ်​အင်္ကျီ​ကို​ယူ၍၊ ဆိတ်​သ​ငယ်​ကို​သတ်​ပြီး​မှ၊ အင်္ကျီ​ကို​အ​သွေး၌​နှစ်​လေ​၏။

ထို​နောက်​မှ၊ အ​ဆင်း​ထူး​ခြား​သော​ထို​အင်္ကျီ​ကို​ပေး​လိုက်၍၊ အ​ချို့​တို့​သည် အ​ဘ​ထံ​သို့​ဆောင်​ခဲ့​လျက်၊ ဤ​အင်္ကျီ​ကို​အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ။ သား၏​အင်္ကျီ ဟုတ်​သည် မ​ဟုတ်​သည်​ကို​ကြည့်​ပါ​ဟု​ဆို​လျှင်၊

အ​ပျို​က​ညာ​ဖြစ်​သော ရှင်​ဘု​ရင်၏​သ​မီး​တော် ဝတ်​တတ်​သည်​အ​တိုင်း၊ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အ​ဝတ်​ကို​ဝတ်​လျက်​ရှိ​သော တာ​မာ​ကို အ​စေ​ခံ​ကျွန်​သည်​နှင်​ထုတ်၍ သူ​နောက်​မှာ တံ​ခါး​ကျင်​ထိုး​လေ၏။

သင်၏​အ​ဝတ်​ကို​လည်း​ယူ၍၊ မြင့်​သော​အ​ရပ်​တို့​ကို ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ဆင်​ပြင်၍၊ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော​အ​မှု၊ မ​တ​ရား​သော​မေ​ထုန်​ကို ထို​အ​ရပ်၌ ပြု​လေ​ပြီ။

ခ​မည်း​တော်​သည် သား​တော်​ကို ချစ်​တော်​မူ၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​လက်​သို့ အပ်​ပေး​တော်​မူ​ပြီ။ -

သူ​တို့​သည် တွေ့၍​ရ​သော ဥ​စ္စာ​ကို​ဝေ​ဖန်​လျက် နေ​ကြ​သည်​မ​ဟုတ်​လော။ စစ်​သူ​ရဲ​တို့​အား အ​ပျို​က​ညာ တစ်​ယောက်​နှစ်​ယောက်​စီ၊ သိ​သ​ရ​ဖို့ ပန်း​ဆိုး​သော​အ​ဝတ်၊ ပန်း​ဆိုး၍ ချယ်​လှယ်​သော အ​ဝတ်​တန်​ဆာ၊ အောင်​သော​သူ​တို့၏ လည်​ပင်း၌ ဆင်​စ​ရာ​ဖို့ ပန်း​ဆိုး၍​ချယ်​လှယ်​လျက် အ​ဆင်း​အ​ရောင် ထူး​ခြား​သော အ​ဝတ်​တန်​ဆာ​ကို လု​ယူ၍ ဝေ​ဖန်​လျက် နေ​ကြ​သည်​မ​ဟုတ်​လော​ဟု သိ​သ​ရ၏​အ​မိ​သည် ဆို​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ