Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 37:24

Judson Bible

သူ့​ကို​ကိုင်​ယူ၍​တွင်း​ထဲ​သို့​ချ​ကြ၏။ ထို​တွင်း၌​ရေ​မ​ရှိ၊ သွေ့​ခြောက်​သော​တွင်း ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​သည် အစ်​ကို​တို့​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ဝတ်​သော​အင်္ကျီ၊ အ​ဆင်း​ထူး​ခြား​သော​အင်္ကျီ​ကို​ချွတ်​ပြီး​မှ၊

ထို​နောက်​အ​စာ​စား​ခြင်း​ငှာ​ထိုင်​ကြ​စဉ် မျှော်​ကြည့်၍၊ ဣ​ရှ​မေ​လ​အ​မျိုး​သား​အ​စု​အ​ဝေး​သည် ဂိ​လဒ်​ပြည်​မှ​လာ၍ နံ့​သာ​မျိုး၊ ဗာ​လ​စံ​စေး၊ မု​ရန်​စေး​များ​ကို ကု​လား​အုတ်​ပေါ်၌ တင်​ဆောင်​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ခ​ရီး​သွား​ကြ​သည်​ကို​မြင်​လျှင်၊

ထို​အ​ခါ သူ​တို့​အ​ချင်း​ချင်း​ဆို​ကြ​သည်​ကား၊ အ​ကယ်​စင်​စစ် ငါ​တို့​သည် ညီ၏​အ​မှု၌​အ​ပြစ်​ကြီး​ကြ၏။ သူ​သည် ငါ​တို့​ကို​တောင်း​ပန်​သော​အ​ခါ၊ သူ့​စိတ်​ဆင်း​ရဲ​ခြင်း​ကို ငါ​တို့​သည်​မြင်​လျက်​နှင့် နား​မ​ထောင်​ဘဲ​နေ​ကြ၏။ ထို​ကြောင့် ဤ​အ​မှု​သည် ငါ​တို့​အ​ပေါ်​မှာ ယ​ခု​ရောက်​လာ​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။

အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​အ​ဖို့ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​အ​သက်​ကို သတ်​စ​ရာ​ဖို့​တွင်း​ကို တူး​ကြ​ပါ​ပြီ။

ပျက်​စီး​ရာ​တွင်း​နှင့် အ​လွန်​ဆိုး​သော​ရွှံ့​ထဲ​က ငါ့​ကို​ဆယ်​နုတ်​ပြီး​လျှင် ငါ့​ခြေ​တို့​ကို ကျောက်​ပေါ်​မှာ​တင်၍ ငါ​ခြေ​ရာ​တို့​ကို တည်​စေ​တော်​မူ၏။

အ​ကျွန်ုပ်​ကို အ​နက်​ဆုံး​သော​တွင်း၊ မှောင်​မိုက်​ဖုံး​လွှမ်း၍ အ​လွန်​နက်​နဲ​သော အ​ရပ်၌ ချ​ထား​တော်​မူ​ပြီ။

အ​ကျွန်ုပ်၏​အ​သိ​အ​ကျွမ်း​များ​ကို အ​ဝေး​သို့​ရွှေ့​တော်​မူ​ပြီ။ သူ​တို့​အား အ​ကျွန်ုပ်​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် အ​ချုပ်​ခံ​ရ၍၊ ပြင်​သို့ မ​ထွက်​ရ​ပါ။

ထို​အ​ခါ ယေ​ရ​မိ​ကို​ယူ၍၊ ထောင်​ဝင်း​ထဲ​မှာ​ရှိ​သော သား​တော်​မာ​လ​ခိ၏​မြေ​တွင်း၌ ကြိုး​နှင့်​လျှော့​ချ​ကြ၏။ ထို​မြေ​တွင်း၌ ရေ​မ​ရှိ၊ ရွှံ့​သာ​ရှိ၍၊ ယေ​ရ​မိ​သည် ရွှံ့၌​ကျွံ​လျက်​နေ၏။

ငါ​တို့ ထွက်​သက်​ဝင်​သက်​တည်း​ဟူ​သော၊ ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​အ​ရှင်​ကို သူ​တို့​သည် မြေ​တွင်း၌ ဖမ်း​မိ​ကြ​ပြီ။ ထို​အ​ရှင်၏ ဘုန်း​တော်​ကို​ခို​လှုံ၍၊ ငါ​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု အ​ထက်​က​ဆို​တတ်​ကြ၏။

သင်၏​အ​မှု​မူ​ကား၊ ချုပ်​ထား​လျက်​ရှိ​သော သင်၏​လူ​တို့​ကို၊ ရေ​မ​ရှိ​သော မြေ​တွင်း​ထဲ​က၊ သင်​နှင့် ဖွဲ့​သော ပ​ဋိ​ညာဉ်​အ​သွေး​ကြောင့် ငါ​ကယ်​လွှတ်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ