Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 37:22

Judson Bible

တစ်​ဖန်​ရု​ဗင်​က၊ သူ၏​အ​သွေး​ကို​မ​သွန်း​ကြ​နှင့်။ ကိုယ်​လက်​နှင့်​မ​ပြု​ဘဲ၊ တော၌ ဤ​မည်​သော​တွင်း​ထဲ​သို့​ချ​ကြ​စို့​ဟု သူ​တို့​လက်​မှ ယော​သပ်​ကို​နုတ်​ယူ၍၊ အ​ဘ၌ တစ်​ဖန် အပ်​မည်​အ​ကြံ​ရှိ​သည်​နှင့်​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​လု​လင်​ကို မ​ထိ​မ​ခိုက်​နှင့်။ အ​လျှင်း​မ​ပြု​နှင့်။ သင်​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သည်​ဟု ယ​ခု​ငါ​သိ၏။ အ​ကြောင်း​မူ​ကား၊ သင်၏​သား၊ သင်၌​တစ်​ယောက်​တည်း​သော​သား​ကို​ငါ​တောင်း၍၊ သင်​သည်​ငါ့​ကို​မ​ငြင်း​ဟု မိန့်​တော်​မူ၏။

ထို​စ​ကား​ကို​ရု​ဗင်​ကြား​လျှင်၊ သူ့​ကို မ​သတ်​ဘဲ​နေ​ကြ​စို့​ဟု​ဆို​လျက်၊ သူ​တို့​လက်​မှ ယော​သပ်​ကို​နုတ်​လေ၏။

ယော​သပ်​သည် အစ်​ကို​တို့​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ဝတ်​သော​အင်္ကျီ၊ အ​ဆင်း​ထူး​ခြား​သော​အင်္ကျီ​ကို​ချွတ်​ပြီး​မှ၊

ရု​ဗင်​က​လည်း၊ သူ​ငယ်​ကို​မ​ပြစ်​မှား​ပါ​နှင့်​ဟု ကျွန်ုပ်​ဆို​သည်​မ​ဟုတ်​လော။ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ​သော​ကြောင့် သူ၏​အ​သွေး​အ​တွက် ယ​ခု​အ​စစ်​ခံ​ရ​ကြ​သည်​ဟု ပြန်၍​ဆို၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​မှူး​မတ်​တို့​ကို အ​ပြစ်​ပေး​တော်​မ​မူ။ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​မြင်​ရ​သော်​လည်း၊ စား​သောက်​လျက်​နေ​ကြ၏။

ရှင်​ဘု​ရင်​သည် စာ​လိပ်​ကို မီး​မ​ရှို့​စေ​ခြင်း​ငှာ၊ ဧ​လ​နာ​သန်၊ ဒေ​လာ​ယ၊ ဂေ​မ​ရိ​တို့​သည် တောင်း​ပန်​သော်​လည်း၊ ရှင်​ဘု​ရင်​သည် သူ​တို့​စ​ကား​ကို နား​မ​ထောင်။

ပိ​လတ်​မင်း​သည် မိ​မိ​မ​နိုင်၊ လူ​များ​သာ၍ ရုန်း​ရင်း​ခတ်​မျှ ပြု​ကြ​သည်​ကို​မြင်​လျှင်၊ ရေ​ကို​ယူ၍ လူ​များ​ရှေ့​တွင် မိ​မိ​လက်​ကို​ဆေး​လျက်၊ ဤ​ဖြောင့်​မတ်​သော​သူ၏​အ​သွေး​နှင့် ငါ​သည် ကင်း​ရှင်း၏။ ဤ​အ​မှု​ကို သင်​တို့ ကြည့်​ကြ​လော့​ဟု ဆို၏။-

ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည် သင်း​ဝင်​သူ​အ​ချို့​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ​စီ​ရင်၍၊-

သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စိမ့်​သော​ငှာ၊ သင်​သည် အ​ဦး​ပြု​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​သည် ပြု​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ