ကမ္ဘာဦး 36:4Judson Bibleဧသောမယား အာဒဖွားသောသားကား၊ ဧလိဖတ်၊ ဗာရှမတ် ဖွားသောသားရွေလတည်း။ အခန်းကိုကြည့်ပါ။ |
ထိုအခါ တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာတည်းဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သတင်းကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှာ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
မောရှေကလည်း၊ ထာဝရဘုရားသည် ကတိတော်အတိုင်း ငါတို့အားပေးတော်မူမည်အရပ်သို့ ငါတို့သည် ယခုခရီးသွားကြ၏။ ငါတို့နှင့်အတူ လိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည် ကတိရှိပါ၏ဟု မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊