Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 36:31

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး၌ အ​စိုး​ရ​သော​မင်း​ကြီး​မ​ရှိ​မီ၊ ဧ​ဒုံ​ပြည်၌​အ​စိုး​ရ​သော​မင်း​ကြီး​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ့​ကို​ငါ​ကောင်း​ချီး​ပေး၍၊ သူ့​အား​ဖြင့်​လည်း သင်​အား​သား​ကို​ပေး​မည်။ အ​ကယ်​စင်​စစ်​သူ့​ကို ကောင်း​ချီး​ပေး၍၊ သူ​သည် လူ​အ​မျိုး​မျိုး​ဖြစ်​လိမ့်​မည်။ သူ၏​အ​မျိုး​အ​နွယ်၌​လည်း၊ အ​ပြည်​ပြည်​သော​ရှင်​ဘု​ရင်​ဖြစ်​ကြ​လိမ့်​မည်​ဟု၊ အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။

ငါ​သည် သင့်​ကို​အ​လွန်​ပွား​များ​စေ​မည်။ သင်​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ဖြစ်​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်၌​လည်း ရှင်​ဘု​ရင်​ဖြစ်​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ဝမ်း​အ​တွင်း၌ လူ​မျိုး​နှစ်​မျိုး​ရှိ၏။ သင်၏​ဝမ်း​ထဲ​က ခြား​နား​သော​လူ​စု​နှစ်​စု​ကို ဖွား​ရ​လိမ့်​မည်။ လူ​တစ်​မျိုး​သည် တစ်​မျိုး​ထက်​အား​ကြီး​လိမ့်​မည်။ အ​ကြီး​သည်​အ​ငယ်၌ ကျွန်​ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ ငါ​သည်​အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင် ဖြစ်၏။ တိုး​ပွား​များ​ပြား​လော့။ လူ​တစ်​မျိုး​မ​က၊ အ​မျိုး​မျိုး​တို့​သည် သင်၌​ဖြစ်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည် သင်၏​အ​မျိုး​အ​နွယ်၌ ဖြစ်​ကြ​လိမ့်​မည်။

ဗိုလ်​ဒိ​ရှုန်၊ ဗိုလ်​ဧ​ဇာ၊ ဗိုလ်​ဒိ​ရှန်​တည်း။ ဤ​သူ​တို့​သည် စိ​ရ​ပြည်၌ ဗိုလ်​လုပ်​သော​သူ​တို့​တွင်၊ ဟော​ရိ​အ​မျိုး​ဗိုလ်​ဖြစ်​သ​တည်း။

မော​ရှေ​သည် ကာ​ဒေ​ရှ​အ​ရပ်​မှ ဧ​ဒုံ​ရှင်​ဘု​ရင်​ထံ​သို့ သံ​တ​မန်​တို့​ကို​စေ​လွှတ်၍၊ ကိုယ်​တော့်​ညီ ဣ​သ​ရေ​လ​က၊ အ​ကျွန်ုပ်​တို့​တွေ့​ရ​သော အ​မှု​အ​လုံး​စုံ​တည်း​ဟူ​သော၊

အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​သော​အ​မျိုး၊ သင်​နှင့်​အ​ဘယ်​သူ တူ​သ​နည်း။ ထို​ဘု​ရား​သည် သင့်​ကို ကွယ်​ကာ​သော​ဒိုင်း​လွှား၊ သင့်​ကို ချီး​မြှောက်​သော ဓား​လက်​နက်​ဖြစ်​တော်​မူ၏။ သင်၏​ရန်​သူ​တို့​သည် သင့်​ရှေ့​မှာ​ရှုံး၍၊ သင်​သည် သူ​တို့၏​မြင့်​မြတ်​သော​အ​ရပ်​တို့၌ နင်း​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။

ဣ​သ​ရေ​လ​အ​မျိုး​မင်း​များ​နှင့်​တ​ကွ၊ အ​မျိုး​အ​နွယ်​များ​တို့​သည် စည်း​ဝေး​သော​အ​ခါ၊ ထို​သူ​သည် ယေ​ရှု​ရုန်​အ​မျိုး၌ ရှင်​ဘု​ရင်​ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ