ဗိုလ်ဒိရှုန်၊ ဗိုလ်ဧဇာ၊ ဗိုလ်ဒိရှန်တည်း။ ဤသူတို့သည် စိရပြည်၌ ဗိုလ်လုပ်သောသူတို့တွင်၊ ဟောရိအမျိုးဗိုလ်ဖြစ်သတည်း။
စိရတောင်ပေါ်မှာဟောရိလူများကိုလည်းကောင်း လုပ်ကြံ၍၊ တောနားမှာရှိသော ဧလပါရန်မြို့တိုင်အောင် လိုက်ကြ၏။
ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။ ဤသူတို့သည် ဧဒုံပြည်၌ဟောရိအမျိုး၊ စိရ၏သားတို့တွင် ဗိုလ်လုပ်သောသူဖြစ်သတည်း။
ဟောရိအမျိုးဗိုလ်များကား၊ ဗိုလ်လောတန်၊ ဗိုလ်ရှောဗလ၊ ဗိုလ်ဇိဘောင်၊ ဗိုလ်အာန၊
ဣသရေလအမျိုး၌ အစိုးရသောမင်းကြီးမရှိမီ၊ ဧဒုံပြည်၌အစိုးရသောမင်းကြီးဟူမူကား၊
ယဇ်ပုရောဟိတ် ယောယဒသည်လည်း၊ ဗိမာန်တော်အုပ်များကို ခန့်ထားပြီးမှ လူတစ်ရာအုပ်၊ တပ်မှူး၊ တပ်သား၊ ပြည်သူပြည်သားအပေါင်းတို့ကို ခေါ်လျက်၊ ကင်းတံခါးလမ်းဖြင့် ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်းတော်သို့ပို့ဆောင်၍ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်စေ၏။
ထိုကာလ၌ တုရုမြို့ကို၊ မင်းဆက်တစ်ဆက် အတိုင်းအရှည်၊ အနှစ်ခုနစ်ဆယ်ပတ်လုံး၊ အဘယ်သူမျှ မအောက်မေ့ရ။ အနှစ် ခုနစ်ဆယ်လွန်သောအခါ၊ ပြည့်တန်ဆာမိန်းမအား သီချင်းဆိုသကဲ့သို့၊ တုရုမြို့အား သီချင်းဆိုလိမ့်မည်။
ထိုသူက၊ ဤသားရဲလေးကောင်တို့သည် မြေကြီးပေါ်မှာ ပေါ်လတ္တံ့သော နိုင်ငံလေးပါးဖြစ်၏။
ထိုသူကလည်း စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသော နိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုယ်စားချိုးဖဲ့ နင်းချေလိမ့်မည်။