ဇိဘောင်သားကား၊ အာယနှင့် အာနတည်း။ ထိုအာနကား၊ အဘဇိဘောင်၏ မြည်းတို့ကို ထိန်းသောအခါ၊ တော၌နွေးသောစမ်းရေတွင်းတို့ကိုတွေ့သော သူပေတည်း။
ဧသောသည် ဟိတ္တိအမျိုး ဧလုန်၏သမီး အာဒတစ်ယောက်၊ ဟိဝိအမျိုးဇိဘောင်သား အာန၏သမီးအဟောလိဗာမတစ်ယောက်၊ ခါနာန်အမျိုးသမီးနှစ်ယောက်နှင့်လည်းကောင်း၊
ရှောဗလသားကား၊ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖော၊ ဩနံတည်း။
အာနသားကား၊ ဒိရှုန်နှင့် သမီးအဟောလိဗာမတည်း။
သူတို့သည် အာမနုန်ကို ပြုကြ၏။ ထိုအခါ ရှင်ဘုရင်၏ သားတော်အပေါင်းတို့သည် ထ၍ လားကိုစီးလျက် ပြေးသွားကြ၏။
ဒါဝိဒ်၏ကျွန်တို့သည် အဗရှလုံကိုတွေ့ကြ၏။ သူသည် မြည်းကိုစီးလျက်ပင် မြည်းသည် ကြီးသောသပိတ်ပင် အကိုင်းအခက်အောက်သို့ဝင်၍၊ အဗရှလုံ၏ခေါင်းသည် သပိတ်ပင်၌ငြိသဖြင့်၊ မိုးနှင့် မြေကြီးစပ်ကြားမှာ တွဲလွဲဆွဲလျက်နေ၍၊ မြည်းသည် အလိုအလျောက်သွားလေ၏။
ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့သည်ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာစီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွားကြ၏။
ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့ကို ရှောလမုန်နှင့်အတူ စေလွှတ်တော်မူ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ။
မုယောစပါးကိုလည်းကောင်း၊ မြင်းတော်များ၊ လားတော်များဖို့ မြက်ခြောက်ကိုလည်းကောင်း၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ၏။
ရှာရုန်အရပ်သား ရှိတရဲသည် ရှာရုန်အရပ်၌ ကျက်စားသောနွားစုကိုလည်းကောင်း၊ အာဒလဲသား ရှာဖတ်သည် ချိုင့်တို့၌ကျက်စားသော နွားစုကိုလည်းကောင်း အုပ်ရ၏။
ငါ၏ပညတ်တရားကို သင်တို့သည်စောင့်ရကြမည်။ အမျိုးခြားသော တိရစ္ဆာန်အထီးအမတို့ကို မယှက်မတင်စေရ။ ခြားနားသော မျိုးစေ့ကိုရောနှော၍ လယ်၌မကြဲရ။ ဝါနှင့် သိုးမွေးရော၍ရက်သောအဝတ်ကို မဝတ်ရ။
မြင်း၊ လား၊ ကုလားအုတ်၊ မြည်းမှစ၍ ရန်သူတပ်တွင် ရှိသမျှသော တိရစ္ဆာန်တို့၌ပေးသောဘေးဒဏ်သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။
ရှေးကာလ၌ အာနကအမျိုးသားကဲ့သို့ ကြီးမြင့်များပြားသောလူ၊ ဧမိမ်အမျိုးသားတို့သည် ထိုပြည်မှာနေကြ၏။