Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 36:2

Judson Bible

ဧ​သော​သည် ဟိ​တ္တိ​အ​မျိုး ဧ​လုန်၏​သ​မီး အာ​ဒ​တစ်​ယောက်၊ ဟိ​ဝိ​အ​မျိုး​ဇိ​ဘောင်​သား အာ​န၏​သ​မီး​အ​ဟော​လိ​ဗာ​မ​တစ်​ယောက်၊ ခါ​နာန်​အ​မျိုး​သ​မီး​နှစ်​ယောက်​နှင့်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ရေ​ဗ​က္က​သည် ဣ​ဇာက်​ထံ​သို့​သွား၍၊ ကျွန်​မ​သည် ဟေ​သ​အ​မျိုး​သ​မီး​တို့​ကြောင့်၊ ကိုယ်​အ​သက်​ကို​ငြီး​ငွေ့​လှ၏။ ဤ​ပြည်​သူ​သ​မီး​ကဲ့​သို့​သော​သူ၊ ဟေ​သ​အ​မျိုး​သ​မီး​နှင့် ယာ​ကုပ်​အိမ်​ထောင်​ဖက်​ပြု​လျှင်၊ ကျွန်​မ​အ​သက်​ရှင်၍ အ​ဘယ်​ကျေး​ဇူး​ရှိ​ပါ​လိမ့်​မည်​နည်း​ဟု ပြော​ဆို​လေ၏။

ဣ​ရှ​မေ​လ​ထံ​သို့​သွား၍ အ​ထက်​မ​ယား​တို့​မှ​တစ်​ပါး၊ အာ​ဗြ​ဟံ​သား ဣ​ရှ​မေ​လ​သ​မီး၊ န​ဗာ​ယုတ်​နှ​မ၊ မ​ဟာ​လတ်​နှင့် တစ်​ဖန်​အိမ်​ထောင်​ဖက်​ပြု​ပြန်​လေ​၏။

ဇိ​ဘောင်​သား အာ​န၏​သ​မီး၊ ဧ​သော​မ​ယား​အ​ဟော​လိ​ဗာ​မ​ဖွား​သော​သား​ကား၊ ယု​ရှ၊ ယာ​လံ၊ ကော​ရ​တည်း။

ဇိ​ဘောင်​သား​ကား၊ အာ​ယ​နှင့် အာ​န​တည်း။ ထို​အာ​န​ကား၊ အ​ဘ​ဇိ​ဘောင်၏ မြည်း​တို့​ကို ထိန်း​သော​အ​ခါ၊ တော၌​နွေး​သော​စမ်း​ရေ​တွင်း​တို့​ကို​တွေ့​သော သူ​ပေ​တည်း။

အာ​န​သား​ကား၊ ဒိ​ရှုန်​နှင့် သ​မီး​အ​ဟော​လိ​ဗာ​မ​တည်း။

ဣ​ရှ​မေ​လ​သ​မီး​တည်း​ဟူ​သော န​ဗာ​ယုတ်​နှ​မ ဗာ​ရှ​မတ်​တစ်​ယောက်​နှင့်​လည်း​ကောင်း၊ အိမ်​ထောင်​လေ၏။

ခါ​နာန်​သည် ကျိန်​ခြင်း​ကို ခံ​ပါ​စေ။ အစ်​ကို​တို့၏​ကျွန်​တို့၌ ကျွန်​ဖြစ်​ပါ​စေ​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ