ဧဒုံအမည်ရှိသော ဧသော၏သားမြေးများ၊ သူတို့တွင် ဗိုလ်လုပ်သောသူများ၊ ဤသို့တည်း။
ယာကုပ်အား၊ ထိုနီသောစားစရာနှင့် ငါ့ကိုကျွေးပါလော့၊ ငါမောပါသည်ဟုဆိုလေ၏။ ထိုကြောင့် သူ၏နာမည်ကိုဧဒုံဟုတွင်သတည်း။
ဧသောမယား အဟောလိဗာမ၏သားကား၊ ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရတည်း။ ဤဗိုလ်တို့သည် အာန၏သမီး၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း။
ထိုပြည်၌နေသောဟောရိအမျိုး၊ စိရ၏သားကား၊ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊
သို့ဖြစ်၍ ဧဒုံအမည်ရှိသောဧသောသည် စိရတောင်ပေါ်မှာနေလေ၏။
ထိုသို့ ရှောလုသည် ဣသရေလအမျိုးကို စိုးစံ၍ ပတ်ဝန်းကျင် ရန်သူ၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊ ဧဒုံပြည်သား၊ ဇောဘမင်းများ၊ ဖိလိတ္တိလူများတို့ကိုစစ်တိုက်၍ စစ်ချီလေရာရာ၌ သူတို့ကိုအောင်လေ၏။