ဇိဘောင်သား အာန၏သမီး၊ ဧသောမယားအဟောလိဗာမဖွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။
ရွေလသားကား၊ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။ ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွယ်ဖြစ်သတည်း။
ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူကား၊ သားဦးဧလိဖတ်၏သား ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖော၊ ဗိုလ်ကေနတ်၊
ဧသောမယား အဟောလိဗာမ၏သားကား၊ ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရတည်း။ ဤဗိုလ်တို့သည် အာန၏သမီး၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း။
ဧသောသည် ဟိတ္တိအမျိုး ဧလုန်၏သမီး အာဒတစ်ယောက်၊ ဟိဝိအမျိုးဇိဘောင်သား အာန၏သမီးအဟောလိဗာမတစ်ယောက်၊ ခါနာန်အမျိုးသမီးနှစ်ယောက်နှင့်လည်းကောင်း၊
အဟောလိဗာမဖွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။ ဤသူတို့ကား၊ ခါနာန်ပြည်၌ ဧသောမြင်သောသားတည်း။
ဧသောသားကား ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံ၊ ကောရတည်း။