သင်တို့သည် ငါတို့နှင့်အချင်းချင်းထိမ်းမြားခြင်းကိုပြုလျက်၊ သင်တို့သမီးကို ပေးစားကြလော့။ ငါတို့သမီးနှင့်လည်း စုံဖက်ကြလော့။
လောတထွက်၍၊ သမီးနှင့်စုံဖက်သောသူ၊ မိမိသမက်တို့အား ထကြ၊ ဤအရပ်မှထွက်သွားကြ၊ ဤမြို့ကို ထာဝရဘုရားဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း၊ ကျီစားဟန်ရှိသည်ဟု သမက်တို့ထင်ကြ၏။
သင်သည်၊ ငါနေသောခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဖို့ မယားကိုမရွေးမယူဘဲ၊
တစ်ဖန်ရေဗက္ကသည် ဣဇာက်ထံသို့သွား၍၊ ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့်၊ ကိုယ်အသက်ကိုငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသအမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဖက်ပြုလျှင်၊ ကျွန်မအသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆိုလေ၏။
သင်တို့သည်ငါတို့နှင့်အတူနေ၍၊ ဤပြည်၌အဆီးအတားမရှိ၊ နေရာချလျက်၊ ဖောက်ကားရောင်းဝယ်ခြင်းကိုပြု၍၊ အပိုင်ယူကြလော့ဟုဆိုလေ၏။
ဟာမော်မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့သားရှေခင်သည်၊ သင်တို့သမီးကို အလွန်ချစ်အားကြီးပါ၏။ ထိမ်းမြားပေးစားကြပါလော့။
ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဖက်ကြ၏။
အကျွန်ုပ်တို့သည် ပညတ်တရားတော်တို့ကို တစ်ဖန်လွန်ကျူး၍၊ ဤရွံရှာဖွယ်အမှုတို့ကို ပြုတတ်သောလူမျိုးနှင့် ပေါင်းဖော်လျှင် တစ်ယောက်မျှမလွတ်၊ မကျန်ကြွင်းစေခြင်းငှာ၊ အမျက်တော်ထွက်၍ အကျွန်ုပ်တို့ကို ဖျက်ဆီးတော်မူမည် မဟုတ်လော။
သူတို့နှင့် စုံဖက်ခြင်းကိုမပြုရ။ သင်၏သမီးကို သူ၏သားနှင့်လည်းကောင်း၊ သင်၏သားကို သူ၏သမီးနှင့်လည်းကောင်း ထိမ်းမြားပေးစားခြင်းကို မပြုရ။