ကမ္ဘာဦး 34:7Judson Bibleယာကုပ်၏သားတို့လည်း သတင်းကြားသောအခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့်အိပ်မိ၍၊ ဣသရေလအမျိုး၌မိုက်သောအမှု၊ မပြုအပ်သောအရာကို ပြုမိသောကြောင့်၊ သူတို့သည်စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။ အခန်းကိုကြည့်ပါ။ |
မြို့သားယောက်ျားတို့သည် ထိုမိန်းမကို အဘအိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ အကြောင်းမူကား၊ သူသည် အဘအိမ်၌ မတရားသော မေထုန်သို့လိုက်၍ ဣသရေလအမျိုး၌ မိုက်မဲသောအမှုကို ပြုလေပြီ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။