Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 34:3

Judson Bible

နောက်​မှ သူ့​ကို​ချစ်​သော​စိတ်​မ​ကုန်၊ အ​မြဲ​ချစ်၍၊ မေ​တ္တာ​စ​ကား​နှင့် ဖြား​ယောင်း​လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​ပြည်​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး၊ ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင်​လျှင်၊ ယူ​သွား၍​အိပ်​ဖော်​ပြု​လျက်၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​လေ​၏။

ခ​မည်း​တော်​ဟာ​မော်​ထံ​သို့​လည်း​ဝင်၍၊ ဤ​မိန်း​မ​ကို အ​ကျွန်ုပ်​ကြင်​ဖက်​ဖြစ်​စေ​ခြင်း​ငှာ၊ တောင်း၍​ပေး​တော်​မူ​ပါ​ဟု လျှောက်​ဆို​၏။

ထို​ကြောင့်၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​နှင့် သူ​ငယ်​များ​ကို ကျွန်ုပ်​ကျွေး​မွေး​မည်​ဟု​ဆို​လျက်၊ သူ​တို့​ကို​နှစ်​သိမ့်​စေ၍ မေ​တ္တာ​စ​ကား​ကို​ပြော​လေ၏။

ယ​ခု​မှာ​ထ​တော်​မူ​ပါ။ ကြွ၍ ကိုယ်​တော်​ကျွန်​တို့​အား နှစ်​သိမ့်​စ​ကား​ကို ပြော​တော်​မူ​ပါ။ ကြွ​တော်​မ​မူ​လျှင် ယ​နေ့​ည​မှာ အ​ထံ​တော်၌ လူ​တစ်​ယောက်​မျှ​မ​နေ​ပါ။ ထို​အ​မှု​သည် ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် ကိုယ်​တော်၌ ဖြစ်​လေ​သ​မျှ​သော​အ​မှု​ထက် သာ၍​ဆိုး​ပါ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကျွန်​တော်​ကျိန်​ဆို​ပါ​သည်​ဟု လျှောက်​သော်၊

ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​မြတ်​ကို သွန်​သင်​သော လေ​ဝိ​သား​အ​ပေါင်း​တို့​ကို၊ ဟေ​ဇ​ကိ​သည် အား​ပေး​သော​စ​ကား​နှင့် နှုတ်​ဆက်​သ​ဖြင့်၊ သူ​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး​ပွဲ​ခံ​စဉ်​အ​ခါ၊ စား​သောက်​လျက် မိတ်​သ​ဟာ​ယ ပူ​ဇော်​သ​ကာ​ကို​ပြု​လျက်၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လျက် နေ​ကြ၏။

စစ်​မှု​ကို ထမ်း​ရ​သော​အ​ချိန်​စေ့​ပြီ။ သင်၏​အ​ပြစ်​လည်း ပြေ​ရှင်း​ပြီ​ဟု ယေ​ရု​ရှ​လင်​မြို့​အား နှစ်​သိမ့်​စေ​သော​စ​ကား​ကို ပြော၍ ကြွေး​ကြော်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ မိ​မိ​အ​ပြစ်​အ​တွက် နှစ်​ဆ​ခံ​ရ​ပြီ။

သို့​ရာ​တွင်၊ သူ့​ကို တစ်​ဖန်​ငါ​ဖြား​ယောင်း​မည်။ တော​လမ်း​ဖြင့် ပို့​ဆောင်​သော်​လည်း၊ နှစ်​သိမ့်​စေ​သော စ​ကား​ကို​ပြော​မည်။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ သင်​သည်​ငါ့​ကို သ​ခင်​ဟူ၍ မ​ခေါ်​ရ၊ ခင်​ပွန်း​ဟူ၍ ခေါ်​ရ​မည်။

လင်​သည် သူ့​ကို​ချော့​မော့၍ ဆောင်​ခဲ့​ခြင်း​ငှာ ငယ်​သား​တစ်​ယောက်​နှင့် မြည်း​နှစ်​စီး​ပါ​လျက် ထ​သွား၍ ရောက်​သော​အ​ခါ၊ မ​ယား​ငယ်​သည် မိ​မိ​အ​ဘ​အိမ်​ထဲ​သို့ ခေါ်​သွင်း၍၊ အ​ဘ​သည် သ​မက်​ကို​တွေ့​မြင်​လျှင် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ သိမ်း​ဆည်း​လေ၏။

သူ​တို့​သည် တစ်​ဖန် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။ ထို​အ​ခါ​ဩ​ရ​ပ​သည် ယော​က္ခ​မ​ကို​နမ်း၍ မိ​မိ​အ​မျိုး​သား​တို့​ထံ ပြန်​သွား၏။ ရု​သ​မူ​ကား၊ ယော​က္ခ​မ၌ မှီ​ဝဲ​ဆည်း​ကပ်​လျက် နေ​သေး၏။

ထို​သို့​လျှောက်​ပြီး​သည်​နောက်၊ ရှော​လု၏​သား ယော​န​သန် စိတ်​နှ​လုံး​သည် ဒါ​ဝိဒ်​စိတ်​နှ​လုံး​နှင့် စွဲ​ကပ်​လျက်​ရှိ၍ ဒါ​ဝိဒ်​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ