Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 34:20

Judson Bible

ထို​အ​ခါ၊ ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​သည်၊ မိ​မိ​မြို့​တံ​ခါး​သို့​သွား၍၊ မြို့​သား​တို့​နှင့်​နှုတ်​ဆက်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​အား​အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​ကို​လည်း ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပွား​များ​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် ရန်​သူ​တို့၏​မြို့​တံ​ခါး​များ​ကို အ​စိုး​ရ​လိမ့်​မည်။

ထို​အ​ခါ ဧ​ဖ​ရုန်​သည်၊ ဟေ​သ​အ​မျိုး​သား​တို့​တွင် ထိုင်​လျက်​ရှိ၏။ သို့​ဖြစ်၍ မြို့​တံ​ခါး​သို့​ဝင်​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော ဟေ​သ​အ​မျိုး​သား​ပ​ရိ​သတ်၌၊ ဟိ​တ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန်​က၊ ထို​သို့​မ​ဟုတ်​ပါ။

ထို​မင်း​သား​သည်၊ ယာ​ကုပ်၏​သ​မီး​ကို ချစ်​အား​ကြီး​သော​ကြောင့်​လည်း​ကောင်း၊ အ​ဘ၏ အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ထက် အ​သ​ရေ​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ ချက်​ချင်း​ဝန်​ခံ​လေ၏။

အ​ချင်း​တို့၊ ဤ​သူ​တို့​သည် ငါ​တို့​နှင့် သင့်​တင့်​ကြ​ပြီ။ ငါ​တို့​ပြည်၌​နေ၍ ဖောက်​ကား​ရောင်း​ဝယ်​မှု​ကို ပြု​ကြ​ပါ​စေ။ ငါ​တို့​ပြည်​သည် သူ​တို့​နေ​သာ​အောင် ကျယ်​ပေ၏။ သူ​တို့​သ​မီး​များ​နှင့် အိမ်​ထောင်​ဖက်​ပြု​ကြ​စို့။ ငါ​တို့​သ​မီး​များ​ကို​လည်း သူ​တို့​အား​ထိမ်း​မြား​ပေး​စား​ကြ​စို့။

အ​ဗ​ရှ​လုံ​သည် စော​စော​ထ၍ တံ​ခါး​ဝ​မှာ ရပ်​နေ​တတ်၏။ အ​မှု​ရှိ​သော​သူ​သည် စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​အံ့​သော​ငှာ၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ လာ​သော​အ​ခါ အ​ဗ​ရှ​လုံ​က၊ သင်​သည် အ​ဘယ်​မြို့​သား​ဖြစ်​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​က ကိုယ်​တော်​ကျွန်​သည် ဤ​မည်​သော ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​သား​ဖြစ်​ပါ၏​ဟု ပြန်​လျှောက်​သော်၊

ငါ​သည်​မြို့​အ​လယ်၌ လျှောက်၍၊ မြို့​တံ​ခါး​သို့​သွား​လျက်၊ လမ်း၌ ထိုင်​ရာ​ကို ပြင်​ဆင်​လျက်​နေ​စဉ်​တွင်၊

မိ​မိ​မြား​တောင့်​ကို သူ​တို့​နှင့်​ပြည့်​စေ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ သူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ။ ရန်​သူ​တို့​ကို တံ​ခါး​ဝ၌ ဆီး​တား​ကြ​လိမ့်​မည်။

သူ၏​ခင်​ပွန်း​သည်​လည်း မြို့​တံ​ခါး​တို့၌ ပြည်​သား အ​သက်​ကြီး​သူ​တို့​နှင့် ထိုင်၍၊ ထင်​ရှား​သော​သူ​ဖြစ်​ရ၏။

မြို့​တံ​ခါး​ဝ​တွင် ဆုံး​မ​တတ်​သော​သူ​ကို မုန်း၍ ဖြောင့်​မတ်​စွာ ပြော​တတ်​သော​သူ​ကို ရွံ​ရှာ​ကြ​ပြီ​တ​ကား။

သင်​တို့ အ​ထပ်​ထပ် လွန်​ကျူး​သော​ဒု​စ​ရိုက်၊ အ​လွန်​လေး​သော အ​ပြစ်​တို့​ကို ငါ​သိ၏။ ဖြောင့်​မတ်​သော​သူ​ကို နှောင့်​ယှက်​တတ်​ကြ၏။ တံ​စိုး​စား​တတ်​ကြ၏။ ဆင်း​ရဲ​သား​ကို တံ​ခါး​ဝ​တွင် မ​တ​ရား​သ​ဖြင့် စီ​ရင်​တတ်​ကြ၏။

ဒု​စ​ရိုက်​ကို​မုန်း၍ သု​စ​ရိုက်​ကို ချစ်​ကြ​လော့။ မြို့​တံ​ခါး​ဝ​တွင် တ​ရား​ကို တည်​စေ​ကြ​လော့။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကျန်​ကြွင်း​သော ယော​သပ်​အ​မျိုး​ကို သ​နား​ကောင်း သ​နား​တော်​မူ​လိမ့်​မည်။

သင်​တို့ ကျင့်​ရ​မည်​အ​ကျင့်​ဟူ​မူ​ကား၊ သင်​တို့​ရှိ​သ​မျှ​သည် တစ်​ယောက်​နှင့် တစ်​ယောက် မှန်​သော​စ​ကား​ကို ပြော​ကြ​လော့။ မြို့​တံ​ခါး​ဝ​မှာ ဖြောင့်​မတ်​စွာ စီ​ရင်၍၊ တ​ရား​တွေ့​သည်​အ​မှု​ကို ငြိမ်း​စေ​ခြင်း​ငှာ ဆုံး​ဖြတ်​ကြ​လော့။

ထို​ဒု​စ​ရိုက်​ကို​ပြု​မိ​သော ယောက်ျား​မိန်း​မ​ကို မြို့​တံ​ခါး​ဝ​သို့ ထုတ်​ပြီး​လျှင်၊ ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​မည်။

ထို​အ​ခါ ဗော​ဇ​သည် မြို့​တံ​ခါး​ဝ​သို့​သွား၍ ထိုင်​သ​ဖြင့်၊ မ​နေ့​က​ပြော​သော အ​မျိုး​သား​ချင်း လျှောက်​သွား​သည်​ကို​မြင်​လျှင်၊ အို​မည်​သူ၊ လှည့်၍​ထိုင်​ပါ​တော့​ဟု ခေါ်​သည်​အ​တိုင်း သူ​သည် လှည့်၍​ထိုင်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ