ကမ္ဘာဦး 34:2Judson Bibleထိုပြည်ကိုအစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍အိပ်ဖော်ပြုလျက်၊ သူ့အသရေကိုရှုတ်ချလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ယာကုပ်က၊ သင်တို့သည် ငါ့ကိုညှဉ်းဆဲကြပြီတကား။ ခါနနိလူ၊ ဖေရဇိလူတည်းဟူသော၊ ဤပြည်သားတို့သည် ငါ့ကိုရွံရှာအောင်ပြုကြပြီတကား။ ငါတို့၌ လူအရေအတွက်အားနည်းသောကြောင့်၊ သူတို့သည်စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့် ငါ့အိမ်သူအိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်ဟု၊ ရှိမောင်နှင့် လေဝိတို့အားဆိုလေသော်၊
ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင်ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ မိန်းမသည် မြို့ထဲမှာရှိလျက်ပင် မအော်မဟစ်သောကြောင့်လည်းကောင်း၊ ယောက်ျားလည်း သူ့မယားကို ရှုတ်ချသောကြောင့်လည်းကောင်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။
ဧဗက်၏သား ဂါလကလည်း၊ ငါတို့သည် အဘိမလက်အမှုကို စောင့်ရမည်အကြောင်း၊ အဘိမလက်ကား အဘယ်သူနည်း၊ ရှေခင်ကား အဘယ်သူနည်း။ အဘိမလက်သည် ယေရုဗ္ဗာလသား မဟုတ်လော။ ဇေဗုလသည် သူ၏အမှုထမ်းမဟုတ်လော။ ရှေခင်အဘ ဟာမော်လူတို့၏အမှုကို ထမ်းကြလော့။ အဘိမလက်အမှုကို အဘယ်ကြောင့် ထမ်းရမည်နည်း။