ဧသောကလည်း၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စုအပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်းဟုမေးလျှင်၊ သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှာဖြစ်ပါသည်ဟု ပြန်ပြော၏။
ကျွန်တော်၌ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ ကျွန်ယောက်ျား မိန်းမများရှိကြပါ၏။ ကျွန်တော်သည် သခင်၏စိတ်တော်နှင့်တွေ့စေခြင်းငှာ၊ လျှောက်ကြားလိုက်ပါသည်ဟု၊ ငါ့သခင်ဧသောကိုလျှောက်ကြဟု မှာလိုက်လေ၏။
တမန်တို့လည်း ယာကုပ်ထံသို့ပြန်လာ၍၊ ကျွန်တော်တို့သည်၊ ကိုယ်တော်၏အစ်ကိုဧသောထံသို့ ရောက်ခဲ့ပါပြီ။ သူသည်ကိုယ်တော်ကို တွေ့ခြင်းငှာ၊ လူလေးရာနှင့်ချီလာပါသည်ဟု လျှောက်ကြ၏။
ထိုနောက်၊ လေအာသည်သူ၏သားများနှင့်ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ ထိုနောက်၊ ယောသပ်နှင့်ရာခေလသည်ချဉ်းကပ်၍ ဦးညွှတ်ခြင်းကိုပြုကြ၏။
ထိုသို့အိမ်နှင့်ဥစ္စာရှိသမျှကို အုပ်စိုးစေသည်ကာလမှစ၍ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား၏အိမ်ကို ကောင်းချီးပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းချီးမင်္ဂလာသည် အတွင်း၊ ပြင်၊ ဥစ္စာရှိရှိသမျှအပေါ်မှာလည်း သက်ရောက်လေ၏။
အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ၍၊ အထံတော်၌ မျက်နှာရသဖြင့်၊ ရှင်ဘုရင်သည် အခြားသော မိန်းမတကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သောကြောင့်၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍ မိဖုရားဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏။