သူတို့ရှေ့မှာကိုယ်တိုင်လွန်သွား၍၊ ခုနစ်ကြိမ်တိုင်အောင် ဦးညွှတ်ပျပ်ဝပ်လျက်၊ အစ်ကိုအနီးသို့ချဉ်းကပ်လေ၏။
မျှော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက်ရပ်နေကြသည်ကိုမြင်သောအခါ၊ ခရီးဦးကြိုပြုခြင်းငှာ တဲတံခါးဝမှပြေး၍ မြေသို့ဦးညွှတ်ချလျက်၊
ကျွန်မနှစ်ယောက်ကိုကား၊ သူတို့သားများနှင့်ရှေ့ကနေစေ၍၊ လေအာနှင့်သူ၏သားတို့ကို အလယ်၌လည်းကောင်း၊ ရာခေလနှင့် ယောသပ်ကိုနောက်၌လည်းကောင်း ထားလေ၏။
ယောသပ်သည်နိုင်ငံအုပ်ဖြစ်၍ ပြည်သားအပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယောသပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။
ယောသပ်သည်အိမ်သို့ရောက်သောအခါ၊ သူတို့သည် ကိုယ်၌ပါသောလက်ဆောင်ကို အိမ်ထဲယောသပ်ထံသို့သွင်း၍ သူ့ရှေ့မှာဦးညွှတ်ချလျက် နေကြ၏။
ယောသပ်သည်လည်း၊ သားတို့ကိုအဘ၏ဒူးကြားမှထုတ်၍ အဘရှေ့၌ဦးညွှတ်ချစေ၏။
ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကိုနုတ်အံ့သောငှာ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ အဆွေခင်ပွန်းထံသို့သွား၍၊ ကိုယ်ကိုနှိမ့်ချလျက် သူ့ကိုနှိုးဆော်လော့။
မင်းသည် သင့်ကိုစိတ်ဆိုးလျှင်၊ ကိုယ်နေသင့်ရာအရပ်မှ မရွှေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။
ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူ မည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။
ငါသည် ကိုယ်အသက်ကို သိုးတို့အဖို့အလိုငှာ စွန့်၏။-
သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။-
ဝစွာစားသောသူတို့သည် စားစရာကိုရခြင်းငှာ၊ သူငှားလုပ်ရကြပြီ။ ငတ်မွတ်သော သူတို့မူကား၊ တစ်ဖန်ဝကြပြီ။ မြုံသောသူသည် ခုနစ်ကြိမ်တိုင်အောင် ဖွားမြင်ပြီ။ သားများသောသူမူကား၊ တစ်ဖန်အားလျော့ပြီ။