ထိုသို့ယာကုပ်၏ပေါင်ခြံအကြောကြီးကို ထိုးတော်မူသောကြောင့်၊ ဣသရေလအမျိုးသားတို့သည်၊ ပေါင်ချန်၌ရှိသောအကြောကြီးကို ယနေ့တိုင်အောင်မစား ရှောင်လေ့ရှိကြ၏။
ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင်၊ ယာကုပ်ပေါင်ခြံကိုထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ၏။
ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ၊ နေထွက်ချိန်ရှိ၍၊ သူသည် ထော့နဲ့သွားလေ၏။
ထိုအခါ ယာကုပ်သည်မျှော်ကြည့်၍၊ အစ်ကိုဧသောသည် လူလေးရာပါလျက် ချီလာသည်ကိုမြင်လျှင်၊ လေအာ၊ ရာခေလ၊ ကျွန်မနှစ်ယောက်တို့တွင် သားများတို့ကိုဝေပေးလေ၏။
ထိုနောက် ယေရောဗောင်သည် ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကိုတည်၍ နေရာချ၏။ ထိုမြို့မှသွား၍ ပေနွေလမြို့ကိုလည်း တည်၏။
ထိုအရပ်က ပေနွေလမြို့သို့ သွား၍၊ သူတို့အား ထိုနည်းတူတောင်းသော်လည်း၊ သုကုတ်မြို့သားတို့ ပြန်ပြောသည်နည်းတူ၊ ပေနွေလမြို့သားတို့သည် ပြန်ပြောကြ၏။
ထိုကြောင့် ဒါဂုန်၏ယဇ်ပုရောဟိတ်များ၊ ဒါဂုန်ကျောင်းသို့ ဝင်သောသူများတို့သည်၊ အာဇုတ်မြို့၌ရှိသော ဒါဂုန်ကျောင်းတံခါးခုံကို ယနေ့တိုင်အောင် ကျော်နင်းလေ့မရှိကြ။