Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 32:31

Judson Bible

ပေ​နွေ​လ​အ​ရပ်​ကို ယာ​ကုပ်​လွန်​သွား​သော​အ​ခါ၊ နေ​ထွက်​ချိန်​ရှိ၍၊ သူ​သည် ထော့​နဲ့​သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​မိန့်​မြွက်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို၊ အာ​တော​ဧ​လ​ရော ဟူ​သော​အ​မည်​ဖြင့်​ခေါ်​ဝေါ်၍၊ ငါ့​ကို​မြင်​တော်​မူ​သော​သူ​ကို ဤ​အ​ရပ်၌​ပင် ငါ​ဖူး​မြင်​ရ​သည်​တ​ကား​ဟု ဟာ​ဂ​ရ​ဆို​လေ၏။

မိုး​သောက်​သော​အ​ခါ၊ ကောင်း​ကင်​တ​မန်​တို့​သည် လော​တ​ကို​ဆော်​လျက်၊ သင်​သည်​ထ၍ ဤ​အ​ရပ်၌​ရှိ​သော မ​ယား​နှင့် သ​မီး​နှစ်​ယောက်​တို့​ကို ယူ​သွား​လော့။ သို့​မ​ဟုတ်၊ မြို့၏​အ​ပြစ်၌ ဆုံး​ခြင်း​သို့​ရောက်​လိမ့်​မည်​ဟု ဆို​သော်​လည်း၊

လော​တ​သည် ဇော​ရ​မြို့​သို့​ဝင်​သော​အ​ခါ၊ မြေ​ကြီး​ပေါ်​မှာ နေ​ထွက်​ချိန်​ဖြစ်​သ​တည်း။

ထို​သူ​သည် မိ​မိ​မ​နိုင်​မှန်း​ကို​သိ​လျှင်၊ ယာ​ကုပ်​ပေါင်​ခြံ​ကို​ထိုး၍၊ လုံး​ထွေး​စဉ်​တွင် ပေါင်​ဆစ်​ပြုတ်​လေ၏။

ထို​သို့​ယာ​ကုပ်၏​ပေါင်​ခြံ​အ​ကြော​ကြီး​ကို ထိုး​တော်​မူ​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ပေါင်​ချန်၌​ရှိ​သော​အ​ကြော​ကြီး​ကို ယ​နေ့​တိုင်​အောင်​မ​စား ရှောင်​လေ့​ရှိ​ကြ​၏။

ထို​နောက် ယေ​ရော​ဗောင်​သည် ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့​ကို​တည်၍ နေ​ရာ​ချ၏။ ထို​မြို့​မှ​သွား၍ ပေ​နွေ​လ​မြို့​ကို​လည်း တည်၏။

သူ​တို့​သည် လူ​များ​ပေး​သော​နွား​ကို​ယူ၍ လုပ်​ပြီး​လျှင်၊ အို​ဗာ​လ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အား​ထူး​တော်​မူ​ပါ​ဟု နံ​နက်​အ​ချိန်​မှ​စ၍ မွန်း​တည့်​အ​ချိန်​တိုင်​အောင် ဗာ​လ၏​နာ​မ​ကို ဟစ်​ခေါ်​ကြ၏။ သို့​ရာ​တွင် ဗျာ​ဒိတ်​သံ​မ​ရှိ။ ထူး​သော​သူ​လည်း မ​ရှိ။ သူ​တို့​သည် ကိုယ်​တည်​သော ယဇ်​ပ​လ္လင်​ရှေ့​မှာ က​ခုန်​ကြ၏။

အ​ကျွန်ုပ်​လဲ​လု​သည်​ဖြစ်၍၊ ကိုယ်​ဆင်း​ရဲ​ခြင်း​ကို အ​စဉ်​အောက်​မေ့​လျက် နေ​ပါ၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို မြင်​ကြ၏။ ခြေ​တော်​အောက်၌ နီ​လာ​ကျောက်​ဖြင့်​ပြီး​သော ကျောက်​ခင်း​ကဲ့​သို့​လည်း​ကောင်း၊ ကြည်​လင်​သော ကောင်း​ကင်​မျက်​နှာ​ကဲ့​သို့​လည်း​ကောင်း ထင်​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​မှူး​မတ်​တို့​ကို အ​ပြစ်​ပေး​တော်​မ​မူ။ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​မြင်​ရ​သော်​လည်း၊ စား​သောက်​လျက်​နေ​ကြ၏။

ငါ​က​လည်း၊ ငါ၌​အ​မင်္ဂ​လာ​ရှိ၏။ ငါ​အ​ကျိုး​နည်း​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​လျက်၊ ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​သော လူ​မျိုး​တွင်​နေ​လျက်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ရှင်​ဘု​ရင်​ကို၊ ကိုယ်​မျက်​စိ​နှင့် မြင်​လေ​ပြီ​တ​ကား​ဟု ဆို၏။

ငါ၏​နာ​မ​တော်​ကို ကြောက်​ရွံ့​သော​သင်​တို့၌​ကား၊ တ​ရား​တော်​နေ​မင်း​သည် အ​နာ​ပျောက်​စေ​သော အ​တောင်​တို့​နှင့် ပေါ်​ထွန်း​တော်​မူ​မည်။ သင်​တို့​သည် ထွက်​သွား၍ တင်း​ကုပ်၌ နွား​သ​ငယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။

ငါ​ခံ​ရ​သော​ဗျာ​ဒိတ်​တော် အ​လွန်​ထူး​မြတ်၍ ငါ​သည် ထောင်​လွှား​သော​စိတ်​မ​ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို ဒဏ်​ခတ်​သော စာ​တန်၏​တ​မန်​တည်း​ဟူ​သော ငါ့​ကိုယ်၌ စူး​သော​ဆူး​ကို ပေး​တော်​မူ၏။-

ငါ့​ကျေး​ဇူး​သည် သင့်​အ​ဖို့​လောက်​ပေ၏။ ငါ့​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်၌ စုံ​လင်​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​ကြောင့် ခ​ရစ်​တော်၏ တန်​ခိုး​သည် ငါ့​အ​ပေါ်၌ ကျိန်း​ဝပ်​မည်​အ​ကြောင်း ငါ့​ကိုယ်၌ အား​နည်း​ခြင်း​အ​ဖြစ်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝါ​ကြွား​ခြင်း​ငှာ သာ၍ ငါ​အ​လို​ရှိ၏။-

အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပြီ။ မီး​ထဲ​က​စ​ကား​တော်​အ​သံ​ကို အ​ကျွန်ုပ်​တို့​သည် ကြား​ရ​ပါ​ပြီ။ ဘု​ရား​သ​ခင်​သည် လူ​နှင့် နှုတ်​ဆက်​တော်​မူ​သော်​လည်း၊ လူ​သည် အ​သက်​ရှင်​သေး​သည်​ကို၊ ယ​နေ့၌ အ​ကျွန်ုပ်​တို့​သည် သိ​မြင်​ရ​ပါ​ပြီ။

အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သော အ​သံ​တော်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​သ​ကဲ့​သို့ အ​ဘယ်​လူ​သ​တ္တ​ဝါ​သည်​ကြား၍ အ​သက်​ရှင်​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ဖြစ်​သည်​ကို ဂိ​ဒေါင်​သည် သိ​မြင်​သော​အ​ခါ၊ အို​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ကို မျက်​နှာ​ချင်း​ဆိုင်၍ မြင်​ရ​ပါ​ပြီ​တ​ကား​ဟု လျှောက်​သော်၊

ထာ​ဝ​ရ​ဘု​ရား​က၊ ချမ်း​သာ​ပါ​စေ။ မ​စိုး​ရိမ်​နှင့်။ သင်​သည် သေ​ဘေး​နှင့် လွတ်​လျက်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

ထို​အ​ရပ်​က ပေ​နွေ​လ​မြို့​သို့ သွား၍၊ သူ​တို့​အား ထို​နည်း​တူ​တောင်း​သော်​လည်း၊ သု​ကုတ်​မြို့​သား​တို့ ပြန်​ပြော​သည်​နည်း​တူ၊ ပေ​နွေ​လ​မြို့​သား​တို့​သည် ပြန်​ပြော​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ