ညမကုန်မီထ၍ မယားနှစ်ယောက်၊ ကျွန်မနှစ်ယောက်၊ သားတစ်ဆယ်နှင့်တစ်ယောက်တို့ကို ဆောင်ယူ၍၊ ယဗ္ဗုတ်ချောင်းရေတိမ်ရာ အရပ်ကိုကူးလေ၏။
ယာကုပ်ကလည်း၊ ချိန်းချက်သော အချိန်စေ့ပါပြီ။ ကျွန်ုပ်သည် မယားနှင့်ဆက်ဆံဖို့ရာပေးစားပါဟု လာဗန်အားဆိုလျှင်၊
ထိုသို့ယာကုပ်ရှေ့မှာ လက်ဆောင်သည် အရင်ကူးသွား၍၊ သူကိုယ်တိုင် ထိုည၌ လူအစုအဝေးနှင့်အတူ အိပ်၍နေ၏။
ထိုသို့သူတို့ကိုယူ၍ မိမိဥစ္စာရှိသမျှနှင့်တကွ ချောင်းတစ်ဖက်သို့ကူးစေပြီးမှ၊
ရာခေလသည်သေအံ့ဆဲဆဲရှိ၍၊ နာမ်ဝိညာဉ်ထွက်စဉ်အခါ၊ ထိုသားကို ဗေနောနိအမည်ဖြင့်မှည့်လေ၏။ အဘမူကား ဗင်္ယာမိန်အမည်ဖြင့်မှည့်သတည်း။
သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သောမြေ၊ တောင်ရိုးမြို့အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသောအရာ တစ်စုံတစ်ခုကိုမျှ မချဉ်းရကြ။
ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သောမြေနှင့်တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ်တိုင်အောင် မြေတစ်လျှောက်လုံးကိုလည်းကောင်း၊
မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ ယုတ်မာ၏။
အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တစ်ဝက်၊ ဂိလဒ်ပြည်တစ်ဝက်မှစ၍ အမ္မုန်ပြည်စွန်းအပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်လည်းကောင်း၊
အမ္မုန်ရှင်ဘုရင်က၊ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာသောအခါ၊ ငါ့မြေကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်း၊ ယော်ဒန်မြစ်တိုင်အောင် လု၍ယူသောကြောင့် ငါပြု၏။ ထိုမြေကို ယခု အသင့်အတင့်ပြန်ပေးပါဟု ယေဖသ၏သံတမန်အား ပြန်ပြော၏။