ကမ္ဘာဦး 32:20Judson Bibleကိုယ်တော်ကျွန်ယာကုပ်သည်လည်း နောက်မှာရှိပါ၏ဟု၊ ကြားလျှောက်ရမည်ဟူ၍လည်းကောင်း မှာထားလေ၏။ ယာကုပ်က၊ ယခုငါ့ရှေ့တွင် ထွက်သွားသောလက်ဆောင်ဖြင့်၊ သူ၏စိတ်ကိုငါဖြေမည်။ နောက်မှ မျက်နှာချင်းဆိုင်တွေ့သောအခါ၊ ငါ့ကိုလက်ခံကောင်း လက်ခံလိမ့်မည်ဟု အကြံရှိသတည်း။ အခန်းကိုကြည့်ပါ။ |
ဗင်္ဟာဒဒ်၏ကျွန်တို့ကလည်း၊ ဣသရေလအမျိုးသား ရှင်ဘုရင်တို့သည် သနားတတ်သောမင်းဖြစ်ကြောင်းကို ကျွန်တော်တို့ ကြားပါပြီ။ ကျွန်တော်တို့သည် လျှော်တေအဝတ်ကိုဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကိုရွက်လျက်၊ ဣသရေလရှင်ဘုရင်ထံသို့ ထွက်ရသောအခွင့်ကို ပေးတော်မူပါ။ အသက်တော်ကို ချမ်းသာပေးကောင်းပေးပါလိမ့်မည်ဟု လျှောက်သည်အတိုင်း၊
ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်သည်ပြောင်းလဲ၍ နောင်တရသဖြင့်၊ ပြင်းစွာသော အမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတစ်မြို့လုံးတွင် သတင်းကြားပြော၍ ကြော်ငြာစေတော်မူ၏။