အသီးအသီးတစ်စုတခြားစီ ခွဲသန့်လျက်၊ ကျွန်တို့ လက်သို့အပ်ပြီးလျှင်၊ သင်တို့သည် ငါ့ရှေ့မှာကူးသွား၍၊ တစ်စုနှင့်တစ်စုကို ခရီးကွာစေလော့ဟု၊ ကျွန်တို့အားမှာထားလေ၏။
နို့စို့သားငယ်နှင့်တကွ၊ နို့ညှစ်ကုလားအုတ်မသုံးဆယ်၊ နွားမလေးဆယ်၊ နွားထီးတစ်ဆယ်၊ မြည်းမနှစ်ဆယ်နှင့် မြည်းကလေးတစ်ဆယ်တို့ကိုယူ၍၊
ရှေ့ဦးစွာသွားသောသူကိုလည်း၊ ငါ့အစ်ကိုဧသောသည် သင့်ကိုတွေ့၍၊ သင်ကား၊ အဘယ်သူ၏လူဖြစ်သနည်း၊ အဘယ်အရပ်သို့သွားသနည်း။ သင့်ရှေ့မှာရှိသောတိရစ္ဆာန်များကား အဘယ်သူ၏ဥစ္စာဖြစ်သနည်းဟုမေးလျှင်၊
ကိုယ်တော်ကျွန်ယာကုပ်သည်လည်း နောက်မှာရှိပါ၏ဟု၊ ကြားလျှောက်ရမည်ဟူ၍လည်းကောင်း မှာထားလေ၏။ ယာကုပ်က၊ ယခုငါ့ရှေ့တွင် ထွက်သွားသောလက်ဆောင်ဖြင့်၊ သူ၏စိတ်ကိုငါဖြေမည်။ နောက်မှ မျက်နှာချင်းဆိုင်တွေ့သောအခါ၊ ငါ့ကိုလက်ခံကောင်း လက်ခံလိမ့်မည်ဟု အကြံရှိသတည်း။
ကရုဏာစိတ်ရှိ၍ ချေးငှားတတ်သောသူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာကာလ၌ အောင်ခြင်းသို့ ရောက်လိမ့်မည်။
သမ္မာသတိသည် သင့်ကိုထိန်းသိမ်း၍၊ ဉာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊
အကြောင်းမူကား၊ သူ၏ဘုရားသခင်သည် စီရင်တတ်သော ဉာဏ်ကိုပေးတော်မူ၏။ သူ့ကိုလည်း သွန်သင်တော်မူ၏။
တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။-
ငါ့ရှေ့မှာ သွားကြ။ ငါလိုက်မည်ဟု ကျွန်တို့အားဆို၏။ လင်နာဗလကို အလျှင်းမပြော။