ယာကုပ်သည်ခရီးသွားပြန်၍၊ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် ကြိုဆိုခြင်းငှာလာကြသည်ကို၊
ထာဝရဘုရားသည်၊ အာဗြဟံနှင့် နှုတ်ဆက်ခြင်းအမှုကုန်စင်ပြီးမှ၊ ကြွသွားတော်မူ၏။ အာဗြံဟံသည်လည်း မိမိနေရာအရပ်သို့ ပြန်လေ၏။
ရေဗက္ကကိုလည်း၊ သင်သည်ကျွန်ုပ်တို့၏နှမဖြစ်၏။ အသောင်းအသိန်းတို့၏အမိ ဖြစ်ပါစေသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကိုအစိုးရပါစေသောဟု ကောင်းချီးပေးကြ၏။
ငါ့သားသမီးတို့ကိုငါနမ်းစေခြင်းငှာ၊ အဘယ်ကြောင့်အခွင့်မပေးသနည်း။ သင်သည် မိုက်စွာပြုလေပြီတကား။
ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။
သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍၊
ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောက်လာလတ္တံ့သော အရာဖြစ်စေ၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဖို့ ဖြစ်ကြ၏။-
အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ၊ ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ် အာဏာစက်တို့သည်၊ ဘုရားသခင်၏ ထူးဆန်းသော ပညတ်တော်ကို အသင်းတော်အားဖြင့် ယခုသိရကြမည် အကြောင်းတည်း။-
ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ်သော ဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ၊ ကောင်းကင်တမန်တို့ထက် ကြီးမြတ်သောသူ ဖြစ်တော်မူ၏။-