ထိုသို့ဘုရားသခင်သည်၊ သင်တို့အဘ၏တိရစ္ဆာန်တို့ကိုနုတ်၍ ငါ့အားပေးတော်မူပြီ။
သိုးဆိတ်တို့သည် တံဖျာများရှေ့မှာယှက်တင်၍၊ အပြောက်အကျား စသည်တို့ကို ဖွားကြ၏။
ထိုအခါ လာဗန်သားတို့က၊ ငါတို့သခင်၏ဥစ္စာရှိသမျှကို ယာကုပ်သည် ယူသွားလေပြီတကား၊ ငါတို့အဘ၏ဥစ္စာအားဖြင့်၊ သူ၌ဤမည်သောစည်းစိမ်ရှိသမျှသည် ဖြစ်လေပြီဟု၊ ဆိုကြသည်ကိုယာကုပ်ကြား၍၊
ထိုတိရစ္ဆာန်များတို့သည်၊ ယှက်တင်ကြသောအခါ၊ ငါမျှော်ကြည့်၍၊ တိရစ္ဆာန်မတို့နှင့်ပေါင်းဖော်သော တိရစ္ဆာန်အထီးတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသောအဆင်းရှိကြောင်းကို အိပ်မက်၌ငါမြင်ရ၏။
ကျွန်ုပ်တို့အဘမှ ဘုရားသခင်ရုပ်သိမ်းတော်မူသော စည်းစိမ်ရှိသမျှသည် ငါတို့ဥစ္စာ၊ ငါတို့သားသမီးများဥစ္စာဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်မှာထားတော်မူသည်အတိုင်း ယခုတွင်ပြုပါလော့ဟုပြန်ပြောကြ၏။
ဆိတ်မနှစ်ရာ၊ ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာ၊ သိုးထီးနှစ်ဆယ်၊
တောတိရစ္ဆာန်ရှိသမျှတို့နှင့် တစ်ထောင်သော တောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။
သူတော်ကောင်းသည် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားတတ်၏။ အပြစ်ရှိသောသူ၏ စည်းစိမ်မူကား၊ ဖြောင့်မတ်သောသူတို့အဖို့ သိုထားလျက်ရှိ၏။
ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှမပြုရာသလော။ ငါ့သဘောကောင်းသောကြောင့် သင်သည် မျက်မုန်းကြိုးရသလောဟု ဆိုလေ၏။-