သင်တို့အဘ၏အမှုကို၊ ငါတတ်နိုင်သမျှအတိုင်း၊ ငါစောင့်သည်ကို သင်တို့သိကြ၏။
ကျွန်ုပ်သည်အစေခံ၍ရသော မယားနှင့်သားတို့ကိုဆောင်ယူ၍၊ သွားရသောအခွင့်ကိုပေးပါလော့။ ကျွန်ုပ်အစေခံသည်အကြောင်းကို အဘသိပါသည်ဟု လာဗန်အားဆိုလျှင်၊
ကျွန်ုပ်သည် အဘ၌အဘယ်သို့ အစေခံသည်ကိုလည်းကောင်း၊ အဘ၏တိရစ္ဆာန်တို့သည် ကျွန်ုပ်၌ အဘယ်သို့ရှိနေသည်ကိုလည်းကောင်း အဘသိပါ၏။
သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား၍၊ ငါရထိုက်သောအခကို ဆယ်ကြိမ်လဲခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှာ၊ ဘုရားသခင်အခွင့်ပေးတော်မမူ။
အစေခံငယ်သားတို့၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သခင်သည် စိတ်ကောင်း၍ ဖြည်းညင်းသောသဘော ရှိသည်ဖြစ်စေ၊ ကြမ်းတမ်းသောသဘော ရှိသည်ဖြစ်စေ ဝန်ခံကြလော့။-