Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 31:26

Judson Bible

လာ​ဗန်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​သ​နည်း။ စစ်​တိုက်​ရာ​၌ ဖမ်း​မိ​သော​သူ​တို့​ကို သိမ်း​သွား​သ​ကဲ့​သို့၊ ငါ့​ကို​လှည့်​စား၍၊ ငါ့​သ​မီး​တို့​ကို သိမ်း​သွား​လေ​ပြီ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရော​ဘု​ရင်​သည်​လည်း​အာ​ဗြံ​ကို​ခေါ်၍၊ သင်​သည်​ငါ၌​ပြု​သော​အ​မှု​ကား အ​ဘယ်​သို့​နည်း။ သူ​သည်​သင်၏​မ​ယား​ဖြစ်​ကြောင်း​ကို၊ ငါ​အား​အ​ဘယ်​ကြောင့် မ​ပြော​သ​နည်း။

ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍၊ ကိုယ်​ခင်​ပွန်း၌​မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။

အ​ဘိ​မ​လက်​မင်း​က​လည်း၊ ငါ​တို့၌ သင်​ပြု​သော​အ​မှု​ကား အ​ဘယ်​သို့​နည်း။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ သင်၏​မ​ယား​နှင့် အ​မှတ်​တ​မဲ့​သင့်​နေ​လျှင်၊ ငါ​တို့​ခေါင်း​ပေါ်​မှာ သင်​သည် အ​ပြစ်​ရောက်​စေ​လိမ့်​မည်​တ​ကား​ဟု ဆို​ပြီး​မှ၊

နံ​နက်​အ​ချိန်​ရောက်​မှ ယာ​ကုပ်​သည်​ကြည့်​ရှု​သော​အ​ခါ၊ လေ​အာ​ဖြစ်​ကြောင်း​ကို သိ​မြင်​လျှင်၊ လာ​ဗန်​ထံ​သို့​သွား၍ ကျွန်ုပ်၌​ပြု​သော​အ​မှု​ကား၊ အ​ဘယ်​သို့​နည်း။ ကျွန်ုပ်​သည်​ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ အ​စေ​ခံ​ရ​ပြီ မ​ဟုတ်​လော။ ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် လှည့်​စား​ရ​သ​နည်း​ဟု​ဆို​သော်၊

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း​ဟု မိန်း​မ​အား​မေး​တော်​မူ​လျှင်၊ မိန်း​မ​က မြွေ​သည် ကျွန်​တော်​မ​ကို​လှည့်​စား၍၊ ကျွန်​တော်​မ​သည်​စား​မိ​ပါ​ပြီ​ဟု လျှောက်​လေ၏။

ကျွန်ုပ်​တို့​အ​ဘ​မှ ဘု​ရား​သ​ခင်​ရုပ်​သိမ်း​တော်​မူ​သော စည်း​စိမ်​ရှိ​သ​မျှ​သည် ငါ​တို့​ဥ​စ္စာ၊ ငါ​တို့​သား​သ​မီး​များ​ဥ​စ္စာ​ဖြစ်၏။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ယ​ခု​တွင်​ပြု​ပါ​လော့​ဟု​ပြန်​ပြော​ကြ၏။

ထို​အ​ခါ​ယာ​ကုပ်​သည် မိ​မိ​တဲ​ကို ဂိ​လဒ်​တောင်​ပေါ်​မှာ​ဆောက်​နှင့်​ပြီ။ လာ​ဗန်​သည် လိုက်၍​မီ​သော​အ​ခါ၊ မိ​မိ​ညီ​အစ်​ကို​တို့​နှင့်​တ​ကွ၊ ထို​တောင်​ပေါ်​မှာ​တဲ​ကို ဆောက်​လေ​၏။

ငါ့​ကို​လှည့်​စား၍၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ​ထွက်​ပြေး​သ​နည်း။ ငါ​သည် ပျော်​မွေ့​ခြင်း​ကို​ပြု၍​သီ​ချင်း​ဆို​လျက်၊ ပတ်​သာ​နှင့်​စောင်း​တီး​လျက်၊ သင့်​ကို​လွှတ်​လိုက်​စေ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် ငါ့​ကို​မ​ကြား​မ​ပြော​ဘဲ​နေ​သ​နည်း။

ထို​အ​ခါ ယာ​ကုပ်​သည်​စိတ်​ဆိုး၍ လာ​ဗန်​ကို​ဆုံး​မ​သည်​ကား၊ ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြစ်​မှား၍၊ အ​ဘယ်​အ​ပြစ်​ရှိ​သော​ကြောင့်၊ ကျွန်ုပ်​ကို ဤ​မျှ​လောက် ပြင်း​ထန်​စွာ​လိုက်​ရ​သ​နည်း။

သူ​တို့​သား​မ​ယား၊ သူ​ငယ်​အ​ပေါင်း​ကို​လည်း​ကောင်း​သိမ်း​ယူ၍၊ အိမ်​တို့၌​ရှိ​သ​မျှ​ကို​လည်း လု​ယက်​ဖျက်​ဆီး​ကြ၏။

ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း။ သင်​ညီ​အ​သွေး၏​အ​သံ​သည် မြေ​ထဲ​က ငါ့​ကို​အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။

ပိ​လတ်​မင်း​က၊ ငါ​သည်​ယု​ဒ​လူ​ဖြစ်​သ​လော။ သင်၏​လူ​မျိုး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် သင့်​ကို​ငါ၌​အပ်​ကြ​ပြီ။ သင်​သည် အ​ဘယ်​သို့​ပြု​မိ​သ​နည်း​ဟု မေး​လျှင်၊-

ယော​ရှု​က​လည်း၊ ငါ့​သား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း၍ ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ပါ​လော့။ သင်​ပြု​မိ​သော​အ​မှု​ကို ငါ့​အား​ပြော​ပါ​လော့။ ဝှက်၍​မ​ထား​ပါ​နှင့်​ဟု အာ​ခန်​အား​ဆို​လျှင်၊

ရှော​လု​က​လည်း၊ သင်​ပြု​သော​အ​မှု​ကို​ပြော​လော့​ဟု ယော​န​သန်​အား​ဆို​လျှင်၊ ယော​န​သန်​က၊ အ​ကျွန်ုပ်​ကိုင်​သော လှံ​ဖျား​နှင့် ပျား​ရည်​အ​နည်း​ငယ်​ကို ယူ၍ မြည်း​စမ်း​မိ​ပါ​ပြီ။ ထို​အ​မှု​ကြောင့်​သာ သေ​ရ​ပါ​မည်​ဟု ပြန်​ပြော၏။

ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​မိ​သ​နည်း။ ယ​ခု​ပြော​စ​ရာ​အ​ကြောင်း မ​ရှိ​လော​ဟု ဆို​သော​နောက်၊

မြို့၌​ရှိ​သော မိန်း​မ​အ​ကြီး​အ​ငယ် တစ်​ယောက်​ကို​မျှ မ​သတ်၊ ရှိ​သ​မျှ​တို့​ကို သိမ်း​သွား​နှင့်​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ