ကမ္ဘာဦး 30:39Judson Bibleသိုးဆိတ်တို့သည် တံဖျာများရှေ့မှာယှက်တင်၍၊ အပြောက်အကျား စသည်တို့ကို ဖွားကြ၏။ အခန်းကိုကြည့်ပါ။ |
ယာကုပ်သည်သိုး၊ ဆိတ်သငယ်တို့ကိုလည်းခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက်ကျားသောအကောင်၊ အဆင်းညိုသောအကောင်ရှိသမျှတို့ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန်များနှင့် လာဗန်၏တိရစ္ဆာန်များကိုလည်း မရောမနှောစေဘဲ၊ တစ်စုစီခွဲထားလေ၏။
ယခုလည်း ကျွန်ုပ်အဘ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ကြောက်ရွံ့ရာဘုရားသည် ကျွန်ုပ်ဘက်၌မရှိလျှင်၊ သင်သည် ကျွန်ုပ်ကို ဧကန်အမှန်လက်ချည်း လွှတ်လိုက်လိမ့်မည်တကား။ အကယ်စင်စစ် ကျွန်ုပ်ဆင်းရဲခံရခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်းကို ဘုရားသခင်မြင်၍၊ မနေ့ညမှာ သင့်ကိုဆုံးမတော်မူပြီဟု ဆိုလေ၏။