ကျွန်ုပ်သည် အဘ၌အဘယ်သို့ အစေခံသည်ကိုလည်းကောင်း၊ အဘ၏တိရစ္ဆာန်တို့သည် ကျွန်ုပ်၌ အဘယ်သို့ရှိနေသည်ကိုလည်းကောင်း အဘသိပါ၏။
အထက်က အဘ၏ဥစ္စာနည်းလှ၏။ ယခုတိုးပွား၍ များပြားလျက်ရှိ၏။ ကျွန်ုပ်သွားလာလုပ်ကိုင်သောအားဖြင့်၊ ထာဝရဘုရားသည် အဘအားကောင်းချီးပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ်သည် ကိုယ်အိမ်သူအိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစုရပါအံ့နည်းဟု ဆိုလေ၏။
ဗိလဟာသည် ပဋိသန္ဓေယူ၍၊ ယာကုပ်အား သားကိုဖွားမြင်သည်ရှိသော်၊
သင်တို့အဘ၏အမှုကို၊ ငါတတ်နိုင်သမျှအတိုင်း၊ ငါစောင့်သည်ကို သင်တို့သိကြ၏။
အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။-
အကြောင်းမူကား၊ သင်တို့သည် ကောင်းသောအကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသောစကားကို ချေစေခြင်းငှာ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ၏။-
အစေခံငယ်သားတို့၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သခင်သည် စိတ်ကောင်း၍ ဖြည်းညင်းသောသဘော ရှိသည်ဖြစ်စေ၊ ကြမ်းတမ်းသောသဘော ရှိသည်ဖြစ်စေ ဝန်ခံကြလော့။-