ကျွန်ုပ်သည်အစေခံ၍ရသော မယားနှင့်သားတို့ကိုဆောင်ယူ၍၊ သွားရသောအခွင့်ကိုပေးပါလော့။ ကျွန်ုပ်အစေခံသည်အကြောင်းကို အဘသိပါသည်ဟု လာဗန်အားဆိုလျှင်၊
ယာကုပ်သည် ရာခေလကိုချစ်သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီးအငယ်ရာခေလကိုရခြင်းငှာ၊ ခုနစ်နှစ်အစေခံပါမည်ဟုဆိုလျှင်၊
ယာကုပ်သည် ရာခေလနှင့်ဆက်ဆံ၍၊ လေအာကိုချစ်သည်ထက်သာ၍ချစ်၏။ လာဗန်ထံမှာ တစ်ဖန်ခုနစ်နှစ်အစေခံလေ၏။
လာဗန်ကလည်း၊ သင်သည် အဘယ်သို့ပြုသနည်း။ စစ်တိုက်ရာ၌ ဖမ်းမိသောသူတို့ကို သိမ်းသွားသကဲ့သို့၊ ငါ့ကိုလှည့်စား၍၊ ငါ့သမီးတို့ကို သိမ်းသွားလေပြီတကား။
ယာကုပ်ကလည်း၊ သင်သည်ကိုယ်သမီးတို့ကို အနိုင်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ်သောကြောင့် ထွက်ပြေးရ၏။
သင်တို့အဘ၏အမှုကို၊ ငါတတ်နိုင်သမျှအတိုင်း၊ ငါစောင့်သည်ကို သင်တို့သိကြ၏။
ယာကုပ်သည် ရှုရိပြည်သို့ ပြေး၏။ ဣသရေလသည် မယားကိုရခြင်းငှာ အစေကျွန်ခံ၍ သိုးစုကို ထိန်းရလေ၏။