ထိုနောက်မှ သမီးကိုဖွား၍၊ ဒိနအမည်ဖြင့်မှည့်လေ၏။
ဘုရားသခင်သည်၊ ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သားခြောက်ယောက်ကို ဖွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟုဆို၍၊ ထိုသားကို ဇာဗုလုန်အမည်ဖြင့် မှည့်လေ၏။
ထိုအခါ ဘုရားသခင်သည် ရာခေလကိုအောက်မေ့တော်မူ၏။ သူ၏စကားကိုနားထောင်၍၊ သားဖွားသောအခွင့်ကိုပေးတော်မူသဖြင့်၊
ဟာမော်မင်းနှင့် သားတော်ရှေခင်ကိုလည်း ဓားလက်နက်ဖြင့်သတ်ပြီးလျှင်၊ ဒိနကိုရှေခင်အိမ်မှနုတ်ယူ၍ ပြန်သွားကြ၏။
ဤသူတို့ကား၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ်၌ ဖွားသော သားတည်း။ သမီးဒိနနှင့်တကွ၊ သားသမီးပေါင်းသုံးဆယ်သုံး။