တစ်ဖန်လေအာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား ဆဌမသားကိုဖွားမြင်လေသော်၊
ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီးကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည်ရှိ၏။
ငါ့ကျွန်မကို ငါ့လင်အားပေးသောကြောင့်၊ ဘုရားသခင်သည် ငါ့အားအခကို ပေးတော်မူပြီဟုဆို၍၊ ထိုသားကို ဣသခါအမည်ဖြင့်မှည့်လေ၏။
ဘုရားသခင်သည်၊ ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သားခြောက်ယောက်ကို ဖွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟုဆို၍၊ ထိုသားကို ဇာဗုလုန်အမည်ဖြင့် မှည့်လေ၏။
ဇာဗုလုန်သား။ သရက်၊ ဧလုန်၊ ယာလေလ။
ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင် ရှိရမည်။
ဘိုးဘအဆွေအမျိုးအလိုက် ဇာဗုလုန်၏သားဟူမူကား၊ သရက်မှဆင်းသက်သော သရဒိအဆွေအမျိုး၊ ဧလုန်မှဆင်းသက်သော ဧလောနိအဆွေအမျိုး၊ ယာလေလမှဆင်းသက်သော ယာလေလိအဆွေအမျိုးတည်း။