Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 30:17

Judson Bible

လေ​အာ​စ​ကား​ကို ဘု​ရား​သ​ခင်​နား​ထောင်​တော်​မူ​သ​ဖြင့်၊ သူ​သည်​ပ​ဋိ​သ​န္ဓေ​ယူ၍၊ ယာ​ကုပ်​အား ပ​ဥ္စ​မ​သား​ကို​ဖွား​မြင်​လေ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ညဉ့်​ဦး​အ​ချိန်၌၊ လယ်​ပြင်​မှ​ယာ​ကုပ်​လာ​သော​အ​ခါ၊ လေ​အာ​သည် ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​သွား၍၊ သင်​သည် အ​ကျွန်ုပ်​ထံ​သို့​ဝင်​ရ​မည်။ အ​ကျွန်ုပ်၏​သား​ရ​ခဲ့​သော အ​နု​ဆေး​သီး​နှင့် သင့်​ကို​အ​ကျွန်ုပ်​ငှား​သည်​မှန်​ပါ၏​ဟု ဆို​သ​ဖြင့်၊ ထို​နေ့​ည​တွင် သူ​နှင့်​အိပ်​ရ​လေ၏။

ငါ့​ကျွန်​မ​ကို ငါ့​လင်​အား​ပေး​သော​ကြောင့်၊ ဘု​ရား​သ​ခင်​သည် ငါ့​အား​အ​ခ​ကို ပေး​တော်​မူ​ပြီ​ဟု​ဆို၍၊ ထို​သား​ကို ဣ​သ​ခါ​အ​မည်​ဖြင့်​မှည့်​လေ၏။

ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ရာ​ခေ​လ​ကို​အောက်​မေ့​တော်​မူ၏။ သူ၏​စ​ကား​ကို​နား​ထောင်၍၊ သား​ဖွား​သော​အ​ခွင့်​ကို​ပေး​တော်​မူ​သ​ဖြင့်၊

ရာ​ခေ​လ​က၊ ဘု​ရား​သ​ခင်​သည် ငါ့​ဘက်၌​တ​ရား​စီ​ရင်​တော်​မူ​ပြီ။ ငါ့​စ​ကား​ကို​ကြား၍ သား​ကို​ပေး​သ​နား​တော်​မူ​ပြီ​ဟု ဆို​သည်​နှင့်​အ​ညီ၊ ထို​သား​ကို ဒန်​အ​မည်​ဖြင့်​မှည့်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ငါ၏​လူ​တို့​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို ငါ​စေ့​စေ့​မြင်​ခဲ့​ပြီ။ သူ​တို့​ကို​စေ​ခိုင်း​သော​သ​ခင်​တို့​ကြောင့် သူ​တို့​မြည်​တမ်း​သော​အ​သံ​ကို​လည်း ငါ​ကြား​ခဲ့​ပြီ။ သူ​တို့​နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​ကို ငါ​သိ၏။

ကောင်း​ကင်​တ​မန်​က​လည်း၊ ဇာ​ခ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​ပြု​သော​ပ​တ္ထ​နာ​ကို နား​ခံ​တော်​မူ​ပြီ။ သင်၏​ခင်​ပွန်း​ဧ​လိ​ရှ​ဗက်​သည် သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ယော​ဟန်​အ​မည်​ဖြင့် မှည့်​ရ​မည်။-

ဟ​န္န​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ သား​ယောက်ျား​ကို ဖွား​မြင်​ပြီး​လျှင်၊ ထို​သား​ကို ထာ​ဝ​ရ​ဘု​ရား​ထံ၌ ဆု​တောင်း​သော​ကြောင့်၊ ရှ​မွေ​လ​အ​မည်​ဖြင့် မှည့်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ