ကမ္ဘာဦး 30:1Judson Bibleရာခေလသည် ယာကုပ်အား သားမဖွားကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကိုငြူစူသောစိတ်ရှိ၍၊ ငါ့အား သားကိုပေးပါ။ သို့မဟုတ် ငါသေတော့အံ့ဟု ယာကုပ်ကို ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
သူ့ကိုယ်တိုင်သည် တောသို့ တစ်နေ့ခရီးသွားပြီးလျှင်၊ ရသမ်ပင်အောက်သို့ ရောက်၍ ထိုင်လေ၏။ ထိုအခါ ကိုယ်အသက်သေရမည်အကြောင်း ဆုတောင်းလျက်၊ အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ်အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ထက် သာ၍မကောင်းပါဟု မြည်တမ်းပြီးလျှင်၊
သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။-
အကြောင်းမူကား၊ အထက်က ငါတို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်းသောသူ၊ အထူးထူးအပြားပြားသော တပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်း အမှုတို့ကို ဆောင်ရွက်သောသူ၊ မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ အချင်းချင်းမုန်းသောသူ ဖြစ်ကြ၏။-